နေ့ခင်းမှာ တိုက်ခန်းမန်နေဂျာအဖြစ် လုပ်ကိုင်နေသူ ကီယိုဆူမီဟာ ညဘက်မှာဆိုသူ့အခန်းထဲမှာပဲ အီလက်ထရွန်နစ်နဲ့ သံစဉ်တီးရင်း ဘဝကို သာမန်ပဲ ဖြတ်သန်းနေတဲ့သူပါ။တစ်နေ့မှာတော့ ညဘက် သူ့ရဲ့သီချင်းသံကြောင့် အနှောင့်အယှက်ဖြစ်ကြောင်း တိုက်ခန်းမှာနေထိုင်သူကတိုင်ကြားလာတာကြောင့် သူ့ကို တိုက်ခန်းအုပ်ချုပ်သူက အလုပ်ဖြုတ်တဲ့အထိအရေးယူမှာဖြစ်ကြောင်း သတိပေးလာခဲ့ပါတယ်။အူရှီယိုဆိုတဲ့ မိန်းကလေးကတော့ နေ့ခင်းဘက် စားသောက်ဆိုင်မှာ လုပ်ရင်း ညဘက်မှတိုက်ခန်းကို ပြန်လာသူဖြစ်ပါတယ်။ ကီယိုဆူမီရဲ့ အခန်းကနေ ညဘက်မှာ ထွက်လာတတ်တဲ့သီချင်းသံကို တိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။တစ်နေ့ အူရှီယိုရဲ့ လှေကားမီးပျက်နေတာကို ပြုပြင်ခိုင်းပြီးနောက်မှာ သူ့ရဲ့အောက်ထပ်ကနေထိုင်သူဟာ တိုက်ခန်းမန်နေဂျာမှန်း သိသွားခဲ့ပါတယ်။ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ အူရှီယိုက ကီယိုဆူမီရဲ့ သီချင်းသံစဉ်လေးအပေါ်အမြင်ပြောင်းလဲသွားမလား…ကီယိုဆူမီကရော ဒီလောက်ထိ ဝါသနာကြီးတဲ့ ဂီတကို ရှေ့ဆက်လုပ်ဆောင်နိုင်ပါ့မလား…ဘဝရည်မှန်းချက်၊ ဝါသနာ ၊ အောင်မြင်မှု ၊ ရင်ဆိုင်ကြုံတွေ့ရမယ့်စိန်ခေါ်ချက်တွေကြောင့်သူတို့တွေ ဘယ်လိုရင်ဆိုင်ရှေ့ဆက်သွားကြမလဲဆိုတာ…