တိုကျိုက ထိပ်တန်းလုပ်ကြံရေးသမား နေမကောင်းတာကြောင့် မာ့ဆူယာ ဆုယိုရှိကို သတ်ဖို့မလုပ်ဆောင်နိုင်တဲ့အတွက် အဲဒီအလုပ်ကို အသက် ၂၀ အရွယ် မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ဖူခါဂဝါမာဟီရို နဲ့ ဆူအီမိုမို ချီဆတိုတို့က လက်ခံပြီး တိုကျိုကနေ မီယာဇာခီကို လာခဲ့ကြပါတယ် ။သူတို့ လုပ်ကြံပေးရမယ့်သူကို နောက်ထပ်တစ်ယောက်ကလည်း နာမည်ကြီး လုပ်ကြံရေးသမားဖြစ်တဲ့ဖူယုမူရာ ခါအိဒဲ ဆိုသူကို ငှားထားတဲ့အခါ လုပ်ကြံရေးသမားများ ထိပ်တိုက်တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။သက်တမ်းနုသေးပြီး ငယ်ရွယ်တဲ့မိန်းကလေးများဖြစ်နေကြတဲ့ လုပ်ကြံရေးသမား ဖူခါဂဝါ မာဟီရိုနဲ့ဆူအီမိုမို ချီဆတိုတို့ရဲ့လုပ်ဆောင်မှုအပေါ် စိတ်တိုင်းမကျ စိတ်မချတဲ့အပြင် သူတို့အဖွဲ့အစည်းနာမည်ပျက်မှာကို စိုးရိမ်တဲ့ အီရူခနဲ့ သူ့လူဟာ မီယာဇာခီမှာ မိန်းကလေးနှစ်ယောက်ကို ကူညီပေးရင်းသူတို့ရဲ့ပစ်မှတ်အပြင် နောက်ထပ်ပစ်မှတ်တွေကိုပါ ဘယ်လိုမျိုး ရှင်းလင်းသွားကြမလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. ။