Ramam Raghavam HD

Ramam Raghavam

Drama Thriller HD 2025-02-21 8.3 118 Min

ဖခင်မေတ္တာကို ပုံဖော်ရိုက်ကူးထားတဲ့ အသစ်ထွက် တလေဂူးဒရာမာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ရာမမ်ဆိုတာ လာဘ်ပေးလာဘ်ယူကို ရွံမုန်းတဲ့စာရေးကြီးတစ်ယောက်ပါ။ လာဘ်ထိုးတဲ့ငွေပမာဏများချင်သလောက်များရာမမ်ကတော့ ငြင်းလွှတ်တတ်တဲ့သူ။တစ်နေ့ သားလေးမွေးတော့ ရာမမ်ကြီး စိတ်ကူးတွေနဲ့ ကြိုတွေးပြီး ပျော်မြူးနေခဲ့တာပေါ့။သားဖြစ်သူကို ဆရာဝန်ကြီးဖြစ်စေချင်တဲ့ ရာမမ်။သားအတွက်ဆို အသက်စွန့်ဖို့တောင် ဝန်မလေးတဲ့ ရာမမ်။သားဖြစ်သူကတော့ ဆရာဝန်ဖြစ်ဖို့မပြောနဲ့ အထက်တန်းကျောင်းတောင်ဆက်မတက်တော့ဘဲ ထွက်ပစ်လိုက်တယ်။သောက်စား လောင်းကစားလုပ်ပြီး အဖေဖြစ်သူအပေါ်မှာလည်းလေးစားမှုကမရှိဖြစ်လေတော့ ရာမမ်ကြီးတစ်ယောက်ခဲလေသမျှ သဲရေကျဖြစ်ပြီး သားဖနှစ်ယောက်ဘယ်ပုံဘယ်စခန်းဆက်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။