House of Dragon ထဲက မင်းသားကြီး Rhys Ifans နဲ့ Bridgerton ထဲက မင်းသမီး Dyneveor တို့ပါဝင်ထားတဲ့ စပိုင် Thriller ကားကောင်းလေးဖြစ်ပါတယ် မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်နှစ်ရှည်လများပျောက်ကွယ်နေတဲ့ ဖခင်ဖြစ်သူ ဆမ်က မာယာရဲ့ ဘဝထဲကိုပြန်ရောက်လာပါတယ်…သမီးဖြစ်သူ မာယာကို အလုပ်ပေးပြီးဖို့ဆိုပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကိုခေါ်သွားပါတယ် ဒါပေမဲ့ ဆမ်ကအကြမ်းဖက်အဖွဲ့အည်းတွေအတွက် ငွေမည်းငွေဖြူပြောင်းပေးနေပြီး အင်တာပိုက လိုက်နေတဲ့ စပိုင်တစ်ယောက်ဖြစ်တယ်ဆိုတာကို မာယာတစ်ယောက်သိရှိသွားတဲ့အခါမှာတော့ မိမိကိုကြိုးကိုင်အသုံးချနေတဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။