ဒီတစ်ခါတော့ လှုပ်လှုပ်ရှားရှားလေးမှကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သည်းထိတ်ရင်ဖို-ဒရာမာဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာ သရဲကားလိုလိုဘာလိုပေမဲ့ တကယ်တမ်းတော့ အလင်းနဲ့အမှောင်၊ အဖြူနဲ့အမည်း၊အကောင်းနဲ့အဆိုးကြားက လွန်ဆွဲပွဲကို လူသားတွေနဲ့လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တွေအပေါ်အခြေခံပြီးပုံဖော်ပေးထားတာလည်း ဖြစ်ပါတယ်။ဝေးလံခေါင်သီတဲ့အရပ်က လမ်းလည်းမပေါက် မီးလည်းမရှိတဲ့ ဒေဗာဂီရိဆိုတဲ့ရွာလေးတစ်ရွာဟာအရမ်းသရဲခြောက်တယ်လို့ နာမည်ကြီးပါတယ်။နေပိုင်းမှာပုံမှန်လှုပ်ရှားသွားလာကြပေမဲ့ ညဘက်နေ၀င်တာနဲ့ ဘယ်သူမှလမ်းမထွက်ရဲကြပါဘူး။အဓိကကတော့ လမ်းမီးလည်းမရှိတဲ့ ရွာအ၀င်တောလမ်းပါ။တစ်နေ့တော့ သရဲမုဆိုးများအဖွဲ့လို့ နာမည်ကြီးနေတဲ့ ယူကျူဘာ ဗစ်ရှ်နူနဲ့သူ့အဖွဲ့၀င်သုံးယောက်ဟာအဲဒီဒေဗာဂီရိရွာလေးကိုသွားရောက်ဖို့ အကြောင်းဖန်လာပါတယ်။အဓိကကတော့ အရမ်းသရဲခြောက်ကြမ်းတယ်လို့နာမည်ကြီးနေတဲ့ အဲဒီရွာမှာ သရဲအကြောင်းသွားရောက်ရိုက်ကူးဖို့ပါပဲ။ဒီလိုနဲ့ ဗစ်ရှ်နူတို့အဖွဲ့ဒေဗာဂီရိကိုရောက်တဲ့အခါ ခပ်ကြမ်းကြမ်းသရဲကို ဘယ်လိုရင်ဆိုင်မလဲ၊နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဆို၊ နောက်ဆုံးမှာအဖြူအမည်းသဲကွဲပါ့မလားဆိုတာကို အသည်းတအေးအေး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။