အမြဲတမ်း တစ်နေရာတည်းမှာပဲ ရှိနေတယ်လို့ ထင်ရတဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘဝတွေဟာလည်းပဲနေ့စဉ်နှင့်အမျှ ဆောက်လုပ်ရေးလုပ်နေတဲ့ မြို့ကြီးတွေရဲ့ နေရာတွေလိုမျိုးပြိုကျပျက်စီးပြီးပြန်လည်ဆောက်လုပ်ခြင်းခံနေရပါတယ်။အဲဒီလိုနဲ့ ပြောင်းလဲသွားတဲ့အရာတွေ အများကြီး ရှိပေမဲ့ မပြောင်းလဲဘဲ ကျန်နေတဲ့အရာတွေထဲမှာကျွန်ုပ်တို့ဟာ ထပ်တလဲလဲဖြစ်မှုတွေနဲ့ခြားနားမှုတွေကနေ တစ်ဆင့် တစ်နေရာရာကိုရှေ့ဆက်သွားနေကြရပါတယ်တဲ့…။ဒီကားလေးထဲမှာတော့ ‘ mimang ‘ ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ် 3 မျိုးနဲ့ လိုက်လျောညီထွေဖြစ်အောင်အချိန်၊နေရာ၊ဇာတ်ကောင်တွေရဲ့ ပြောင်းလဲမှုများကို အပိုင်း 3 ပိုင်းဖြင့် ရိုက်ကူးထားပြီး အထူးသဖြင့်ဆိုးလ်မြို့က သမိုင်းဝင်နေရာတွေရဲ့ ပြောင်းလဲမှုများကိုပါ ကွက်ကွက်ကွင်းကွင်းသရုပ်ဖော်ရိုက်ကူးထားတာဖြစ်လို့ဒီကားလေးကို ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်။