တစ်နေ့မှာ ပိုပါရဲလို့နာမည်ရတဲ့ ကိုယ်လက်အင်္ဂါမူမမှန်တဲ့ ကလေးတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ပိုပါရဲရဲ့မိဘဟာ သူတို့ရဲ့ကလေးမမူမှန်တာကိုသိပေမယ့်လည်း အရမ်းချစ်ခဲ့ကြပါတယ်တစ်နေ့အရွယ်ရောက်လာတဲ့အခါမှာ ဘေးလူသူငယ်ချင်းတွေ ဝိုင်းစကြတဲ့အခါ ပိုပါရဲလေးဟာစိတ်မထိန်းနဲ့ဘဲ သူ့ရဲ့ခွန်အားနဲ့သူငယ်ချင်းတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်လိုက်ရာကနေအဖြစ်ဆိုးကြီးဖြစ်သွားပြီး အဲဒီသူငယ်ချင်းဟာဆုံးပါးသွားခဲ့ပါတယ်။သူငယ်ချင်းဆုံးပါသွားပြီးတဲ့နောက် ရွာထဲကလူကြီးတွေအားလုံးက ဒါမကောင်းဆိုးဝါးပဲဆိုပြီးတော့ ပိုပါရဲတို့အိမ်ကိုမီးရှို့ဖျက်ဆီးကြပါတော့တယ်။ဖြစ်ချင်တော့ ပိုပါရဲကို သူ့မိဘတွေက သူပြစ်မှုကျူးလွန်ပြီးနောက်ပိုင်း မြေအောက်ခန်းမှာချုပ်ထားခဲ့ကြတာပါ။ဒီလိုနဲ့ မြေအောက်ခန်းထဲမှာပဲ မီးလောင်သေဆုံးခဲ့ရတဲ့ပိုပါရဲရဲ့ဒဏ္ဍာရီဟာ နောက် နှစ်ပေါင်းရာနဲ့ချီအထိကျန်ရှိနေပါတယ်။မီးလောင်သွားပြီးနောက်ပိုင်း အစအနပဲကျန်ခဲ့တဲ့အိမ်ကို နောက်အိမ်ပိုင်ရှင်တွေက ဝယ်ပြီးတဲ့နောက် ပြန်လည်စောင့်ခဲ့ပါတယ်။ဒါပေမဲ့ တစ်ခုကနေရောင်ကျသွားပြီး မြူတွေဆိုင်းလာတဲ့အချိန်ကျရင် ပိုပါရဲ သရဲကထွက်လာပြီး သူ့အိမ်ကိုလာထိတဲ့သူ သူ့အိမ်နားမှာရှိသမျှအားလုံးကို လုပ်ကြံသတ်ဖြတ်တတ်တယ်ဆိုတဲ့ကောလဟာလပါထွက်လာခဲ့ပါတယ်။ဒါနဲ့ ပိုပါရဲရဲ့ဒဏ္ဍာရီဟာအပြင်မှာတကယ်ပဲရှိနေတာလား ဘာလို့များ ပိုပါရဲဟာ လက်စားချေတဲ့ပုံစံမျိုးနဲ့ လူတွေကို ပြန်လာခြောက်နေလဲဆိုတာကို ဒီဇာတ်ကားထဲမှာတစေ့တစောင်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။