Sheldon Wilson ရဲ့ “Believer” (2024)ကားလေးက ထိတ်လန့်စရာတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့ horror ၊ mystery၊ thriller ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ်။ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Jena Malone ရဲ့ သရုပ်ဆောင်စွမ်းဆောင်ရည်ပိုင်နိုင်မှုကြောင့်လည်း ဇာတ်လမ်းထဲကို ပိုမိုနစ်မြောစေမှာပဲ ဖြစ်ပါတယ်။Kate အဖြစ်သရုပ်ဆောင်ထားတဲ့ Jena Malone က စာရေးဆရာမတစ်ဦးဖြစ်ပြီး လူသတ်မှု ၅၃ ခုကိုကျူးလွန်ထားတဲ့ Marshall Grayson (Stephen Dorff) ရဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး သူ့စာအုပ်မှာထည့်ရေးဖို့ကြိုးစားနေပါတယ်။တစ်ဖက်မှာလည်း စိတ်ပညာဆရာတစ်ဦးဖြစ်တဲ့ Grayson ရဲ့ အကြောင်းမဲ့ မဟုတ်တဲ့ လူသတ်မှုတွေ၊ပဟေဌိဆန်တဲ့ အပြုအမူတွေနှင့် နှစ်ပေါင်း ၂၀ ကြာ သတ်ဖြတ်မှုတွေ ပြုလုပ်ပြီးမှ ရုတ်တရက်အဖမ်းခံခဲ့တာတွေကလည်း Kate အတွက် စာအုပ်ပေါက်ဖို့ ထည့်ရေးရမယ့်အကြောင်းအရာကောင်းတွေဖြစ်တာကြောင့်ဖြစ်လာမယ့်အကျိုးဆက်တွေကို မတွေးမိဘဲ Kate အတွက် လျို့ဝှက်ဆန်းကျယ်လွန်းတဲ့လူသတ်ကောင်ကို ပိုပြီးအနီးကပ်လေ့လာဖို့ ဖြစ်သွားစေခဲ့ပါတယ်။ရလဒ်အနေနဲ့ကတော့ သူမအတွက် နက်နဲဆန်းကျယ်တဲ့ ကွင်းဆက်လူသတ်မှုနဲ့ ဆက်စပ်လာခဲ့ပြီးသူမကိုယ်တိုင် သေရေးရှင်ရေးအတွက် ဆုံးဖြတ်ချက်ချရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့တယ်။Kate အနေနဲ့ စုံစမ်းမှုတွေပြုလုပ်ရင်း မျက်စိမကွယ်ခင်က လူကြီးလူကောင်းတစ်ဦးဖြစ်ခဲ့တဲ့ Grayson လိုကွင်းဆက်လူသတ်သမားအကြောင်း နက်နက်နဲနဲသိလာတဲ့အခါမှာ Kate ကိုယ်တိုင်ပဲကွင်းဆက်လူသတ်မှုထဲပါ၀င်သွားမလား ရုံးထွက်သွားနိုင်မလား ဆိုတာကိုတော့ မှန်းရခက်တဲ့ဇာတ်လမ်းလှည့်ကွက်များစွာနဲ့အတူ ဇာတ်ကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။