The King Rise Again HD

The King Rise Again

Action Drama HD 2025-03-07 8.3 85 Min

စစ်ဘုရင်တစ်ပါးဟာ နယ်မြေတွေပေါင်းစည်းပြီး သာယာဝပြောတဲ့ရည်ရွယ်ချက်နဲ့တခြားမျိုးနွယ်စုတွေကိုသိမ်းပိုက်ဖို့ကြိုးစားပါတယ်။ တစ်နေ့မှာမျိုးနွယ်စုတစ်စုရဲ့မင်းသမီးလေးတစ်ပါးကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။အစပိုင်းမှာ ကိုယ့်တိုင်းပြည်ကိုကျူးကျော်လာတဲ့စစ်ဘုရင်ကို မင်းသမီးကရွံမုန်းပေမယ့်ဘုရင်ကြီးရဲ့အချစ်စစ်ကိုခံစားရတဲ့နောက်ပိုင်းမှာ မင်းသမီးလေးကလဲပြန်ချစ်လာခဲ့တယ်။သူတို့နှစ်ယောက်ဟာ လှပတဲ့ရှုခင်းတွေကိုအတူကြည့်ရင် အချစ်တွေနဲ့အချိန်တွေကိုဖြတ်သန်းကြတယ်။ဒါပေမယ့်လှပတဲ့အရာတွေဟာရေရှည်မခံပါဘူး စစ်ဘုရင်ကြီးဟာ သူ့ရဲ့တာဝန်နဲ့ရည်မှန်းချက်အတွက်မင်းသမီးလေးကိုထားခဲ့ရပါတယ်။ အဲဒီအချိန်မှာမင်းသမီးလေးဟာသူ့ရဲ့ကိုယ်ဝန်ကိုလွယ်ထားနေရပေမယ့် နားလည်ပေးစွာပဲ ဘုရင်ကြီးကိုလက်လွှတ်ခဲ့ပါတယ်။တစ်နေ့မှတော့ ဘုရင်ကြီးဟာရုတ်တရက်လုပ်ကြံခံလိုက်ရပါတယ်ရာဇပုလ္လင်ကိုတက်မက်နေတဲ့ညီတော်ရဲ့ရန်ကိုကြောက်နေရပြီးတော့ပြည်သူတွေရဲ့အသက်အိုးအိမ်ကိုစိုးရိမ်ရလာတဲ့အတွက် မိဖုရားခေါင်ကြီးဟာဘုရင်ကြီးသားတော်ဖြစ်သူကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့မင်းသားလေးရဲ့ပြည်တော်ပြန်ဇာတ်လမ်းတစ်ပုဒ်ဟာစတင်လာခဲ့ပါတယ်……