Bangkok Dog FHD

Bangkok Dog

Action Crime Thriller FHD 2024-12-06 6 89 Min

အက်ရှင်ကားကြမ်းကြမ်းတွေကိုကြိုက်တဲ့သူတွေအတွက်တကယ်မိုက်တဲ့ အမေရိကန်-ဘန်ကောက် အက်ရှင်ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ဘန်ကောက်ကားဆိုတဲ့အတိုင်းBangkok Dog ဖြစ်ပြီး လက်ရှိ IMDb Rating 6.4 အထိရရှိထားပါတယ်။မင်းသားကိုယ်တိုင်က ကိုယ်ခံပညာရှင်ဖြစ်ပြီးဒီအတွေ့အကြုံတွေနဲ့ပဲ ဟောလီး၀ုဒ်ရုပ်ရှင်လောကထဲဝင်လာတာဖြစ်တဲ့ D.Y. Sao ဖြစ်ပြီးခေတ်သစ် ဘရုစ်လီတို့ဂျက်ကီချမ်းတို့လိုတောင် တင်စားရအောင် အက်ရှင်ချကွက်တွေက မိုက်လွန်းပါတယ်။ဇာတ်ညွန်းအနေအထားကလည်းဖန်တရာထေထပ်နေပြီဖြစ်တဲ့ဇာတ်ညွန်းတွေလိုမဟုတ်ဘဲတစ်မျိုးတစ်ဖုံဖန်တီးထားတဲ့အပြင် မင်းသမီးကလည်း ချောတဲ့အတွက် အဖက်ဖက်ကကြည့်လို့ကောင်းမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ LS-75ဆိုတဲ့အမေရိကန်လျှို့ဝှက်တပ်ဖွဲ့က အေးဂျင့်နှစ်ယောက်ဖြစ်တဲ့ အန်ဒရူးနဲ့ကိတ်တလင်းတို့ကိုတွေ့ရမှာဖြစ်ပြီး သူတို့ရဲ့လက်ရှိစစ်ဆင်ရေးကတော့မှောင်ခိုကူးလာတဲ့မူးယစ်ဆေးတွေကိုဖမ်းဆီးရမှာဖြစ်ပါတယ်ဒီလိုနဲ့စစ်ဆင်ရေးအောင်မြင်ခဲ့ပြီးနောက်မှာတော့ ဒီမူးယစ်ဆေးတွေကို ထိုင်းကနေအမေရိကန်ကိုတင်ပို့နေကြောင်းသိခဲ့ရပါတော့တယ်။အဲ့ဒါကြောင့်အေးဂျင့်အန်ဒရူးကမှောင်ခိုကူးပေးတဲ့ဘန့်ဇ်ဆိုတဲ့လူဆိုးနေရာကနေအသွင်ယူပြီး ထိုင်းမှာကိုယ်တိုင်ကိုယ်ကျသွားရောက်စုံစမ်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အေးဂျင့်အန်ဒရူး ထိုင်းကိုရောက်လာခဲ့ပြီးဒီမူးယစ်မှောင်ခိုလုပ်ငန်းကြီးရဲ့နောက်ကွယ်က လူဆိုးဂေါင်ကြီးကို ဘယ်လိုစုံစမ်းဖမ်းဆီးသွားမယ်ဆိုတာကို အက်ရှင်တွေ အပစ်အခတ်တွေနဲ့စိတ်ဝင်စားစရာရှုစားရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။