အသစ်ထွက်ရှိလာတဲ့ တမီးလ်စကားပြော အိန္ဒိ သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ခွင့်ရက်ရှည်ယူထားတဲ့ အင်စပက်တာမူလီဂန်ကို ရဲမင်းကြီးက ခွင့်မပြည့်ခင်မှာတာဝန်ပြန်ထမ်းဆောင်ဖို့ ခေါ်ခဲ့တယ်။ရဲမင်းကြီးမိတ်ဆွေတစ်ယောက်ရဲ့ တူတော်မောင်အိမ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်သွားတဲ့အတွက်စုံစမ်းဖော်ထုတ်ဖို့အတွက်ပေါ့။ဘာသက်သေအထောက်အထားမှလည်း မတွေ့ရဘဲ သေဆုံးနေခဲ့တာပါ။သေဆုံးသူက အိမ်အကူဖြစ်ပြီးရဲမင်းကြီးမိတ်ဆွေရဲ့ တူတောင်မောင်လင်မယားကလည်းပျောက်ချင်းမလှ ပျောက်နေလေရဲ့။အမှုကို စုံစမ်းရင်း ညောင်မြစ်တူး၊ ပုတ်သင်ဥပေါ်ဆိုသလို တစတစနဲ့ မထင်မှတ်ထားတဲ့ကိစ္စတွေပါပေါ်ပေါက်လာတဲ့အခါမှာတော့…။