ဂျန်ထယ်ယောင်းဆိုတဲ့ သတင်းရေးဆရာတစ်ယောက်က မူးယစ်ဆေးစွဲနေပြီး ဝေဒနာခံစားနေရတဲ့ သူ့ရဲ့ချစ်သူကို မကြည့်ရက်လို့ သတ်ပစ်မိသွားခဲ့ရာကနေ ခန္ဓာကိုယ်တစ်ခုတည်းမှာတင်စိတ်နှစ်မျိုးကွဲသွားတဲ့ ဝေဒနာလိုစတင်ခံစားလာရတယ် .. ။ကြမ်းတမ်းခက်ထန်တဲ့ ဂျန်ထယ်ယောင်းက နောက်ထပ်စိတ်ခွဲတစ်ခုအနေနဲ့ ပေါ်လာခဲ့ပြီးအဲဒီဝေဒနာကိုကုသဖို့ စိတ်ရောဂါဆရာဝန်နဲ့ ကုသရင်း ကြမ်းတမ်းတဲ့စိတ်ဖြစ်လိုက်နူးညံ့တဲ့စိတ်ဖြစ်သွားလိုက်နဲ့ ပြောင်းလဲနေခဲ့ပါတယ် .. ။တစ်နေ့ နူးညံ့တဲ့ဂျန်ထယ်ယောင်းဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ လုပ်ခဲ့ပေမဲ့ဆရာဝန်က တားလိုက်နိုင်ပြီး ကုသနည်းတစ်မျိုးနဲ့ ကုသပေးခဲ့ပါတယ် .. ။ကုသနည်းကတော့ အသက်ရှူရုံသာရှိတော့တဲ့ သေခါနီးလူနာတစ်ယောက်ကို ဂျန်ထယ်ယောင်းအကြောင်းတွေ ပြောပြ brainwash ပြီး အဲဒီလူကို သတ်ပစ်လိုက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်သေချင်နေတဲ့ နူးညံ့တဲ့စိတ်က ပျောက်ကွယ်သွားပြီး ခက်ထန် ကြမ်းတမ်းတဲ့ဂျန်ထယ်ယောင်းသာ ကျန်ခဲ့မှာပဲဖြစ်ပါတယ် .. ။ဒါပေမဲ့စီစဉ်ထားသလိုဖြစ်မလာဘဲ မေ့မြောနေတဲ့လူနာက မသေဘဲသူတို့ရဲ့ brainwashလုပ်မှုတွေကြောင့် သူ့ကိုယ်သူဂျန်ထယ်ယောင်းလို့ ထင်သွားခဲ့တယ် .. ။မေ့မြောနေတဲ့သူဟာလည်း သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်တာကြောင့် ဂျန်ထယ်ယောင်းနဲ့အသံမျက်နှာ အလေ့အကျင့်တွေကအစ တူညီအောင်လိုက် အတုခိုးပြီး သူ့နေရာကို ပြန်ယူဖို့ကြိုးစားပါတော့တယ် .. ။သူတို့နှစ်ယောက်ထဲမှာ ဘယ်သူကတကယ့်အစစ်အမှန် ဂျန်ထယ်ယောင်းဖြစ်သွားမလဲဆိုတာကြည့်ရှုလိုက်ကြပါဦးနော် .. ။