The Electric State FHD

The Electric State

Drama Adventure Science Fiction FHD 2025-03-07 6.2 128 Min

နာမည်ကျော်မင်းသာ Christ Pratt နဲ့ Stranger Thingsမင်းသမီး Millie Bobby Brown တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Sci-Fi/ Adventure ရုပ်ရှင်တစ်ကားထွက်ရှိလာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ စက်ရုပ်တွေရဲ့ စစ်ပွဲမှာလူတွေက နိုင်သွားပြီး စက်ရုပ်တွေကို တားမြစ်ဇုန်ဆိုတဲ့ကန္တာရထဲက အကျဉ်းထောင်ကြီးထဲမှာ အကျဉ်းချခဲ့ကြတယ်။စက်ရုပ်တွေကိုလက်ခံထားတဲ့ ဘယ်နိုင်ငံသားမဆိုထောင်ကျမယ်ဆိုတဲ့ ဥပဒေကို အစိုးရက သတ်မှတ်ထားတယ်။မီရှဲဆိုတဲ့ ကောင်မလေးဟာ မိဘနှစ်ပါးရော မောင်လေးဖြစ်သူကိုပါဆုံးရှုံးလိုက်ရလို့ ပထွေးနဲ့အတူနေထိုင်ရတယ်။တစ်နေ့မှာ သူတို့အိမ်ကို စက်ရုပ်တစ်ရုပ်ရောက်လာပြီးပထွေးဖြစ်သူက မီရှဲနဲ့စက်ရုပ်က သူ့ကို လုပ်ကြံတယ်လို့အထင်လွဲသွားတာကြောင့် စက်ရုပ်နဲ့အတူ ထွက်ပြေးခဲ့ရတယ်နောက်မှသိလိုက်ရတာက သူ့ဆီရောက်လာတဲ့ စက်ရုပ်ဟာသေသွားပြီလို့ ထင်ထားတဲ့ သူ့ရဲ့ မောင်လေးဖြစ်နေပြီး သူ့ရဲ့ပုံစံအစစ်ကလည်း ရှိနေသေးတယ်လို့ ဆိုလာချိန်မှာတော့မီရှဲဟာ စက်ရုပ်နဲ့အတူမောင်ရှာပုံတော်ဖွင့်ဖို့ ခရီးဆက်ခဲ့ပါတော့တယ်။