HD
Along with the Gods: The Last 49 Days
ဒီတစ်ခါမှာတော့ သေမင်းတမန် Kang Rim၊ လုံခြုံရေး တာဝန်ခံသေမင်းတမန် Hae Won Maek၊လက်ထောက်ရှေ့နေမလေး Deok Chun တို့ သေမင်းတမန် ၃ ပါးက မီးသတ်သမားလေးဂျာဟုန်းရဲ့ ညီဖြစ်သူတပ်ကြပ် ဆူဟုန်းရဲ့ တရားခွင်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပြီး တရားခွင်ကို ကျင်းပဖို့အတွက်၄၉ ရက်အတွင်းမှာ အိမ်စောင့်နတ် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဘိုးအိုရဲ့ ဝိညာဉ်ကို ခေါ်လာဖို့သေမင်းတမန်၃ ပါးဆီ တာဝန်ပေးခံရပါတော့တယ်။Hae Won Maek နဲ့ Deok Chun တို့က အဘိုးအိုကို ခေါ်ဖို့အတွက် လူ့လောကကို ဆင်းသက်လာရင်းအိမ်စောင့်နတ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အဲဒီအိမ်စောင့်နတ်က သူတို့မေ့ပျောက်နေတဲ့ သူတို့ရဲ့အတိတ်ဘဝအကြောင်းအရာတွေကို သိရှိနေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့..သေမင်းတမန် ၃ ပါးက လက်ရှိမျက်မှောက်ကမ္ဘာ၊ အနာဂတ်ကမ္ဘာ၊အတိတ်ကမ္ဘာတို့ကြားခရီးဆက်ရင်း သူတို့ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကာ Soo Hong ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက်ဘယ်လိုတွေကြိုးစားပြီး ကာကွယ်ဖြေရှင်းပေးသွားမလဲဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။