The Past HD

The Past

Drama Horror HD 2018-05-11 2 120 Min

ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် အကြည့်နဲ့တင်ဖျားသွားမဲ့‌ဟော်ရာ-ဒရာမာ ဇာတ်လမ်း‌တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ဆင်မ်ရန်ဟာ အမြဲအလုပ်ကိုပဲအာရုံစိုက်နေတတ်တဲ့ စာရေးဆရာမတစ်ယောက်ပါ။သူ့မှာ အာလီယာဆိုတဲ့ ညီမ‌လေးတစ်ယောက်ရှိပါတယ်။တစ်‌နေ့တော့ သူ့ညီမလေးပူဆာတာကြောင့် ညီအစ်မနှစ်ရက်အလည်ခရီးထွက်ဖို စီစဉ်ရာကလိုနာဗလာဆိုတဲ့ တောင်ပေါ်မြိုလေးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ထုတ်‌ဝေသူယူဗရာ့ဂ်ျစီစဉ်ပေးမှုနဲ့ အဲဒီမြိုလေးကယူဗရာ့ဂ်ျရဲ့ဘန်ဂလိုမှာ ဆင်မ်ရန်တိုညီအစ်မ အပန်းဖြေအနားယူရဖို ဖြစ်လာပါတယ်။ဘန်ဂလိုနဲ့ရှုခင်းအလှအပတွေကြောင့် ညီမနှစ်ယောက်လုံး ရောက်ခါစမှာ အပျော်ကြီးပျော်နေခဲ့ကြပါတယ်။ဒါပေမဲ့ အဲဒီအပျော်ဟာတာရှည်မခံခဲ့ပါဘူး။ဘာလိုလဲဆိုရင် အဲဒီဘန်ဂလိုမှာ စွဲကပ်နေတဲ့ဝိညာဉ်က စတင်ခြောက်လှန့်လာတာကြောင့်ပါပဲ။ဆင်မ်မရန်လည်း မူမမှန်တာတွေ စဖြစ်လာပြီး တဖြည်းဖြည်းနဲ့ အခြေအနေပိုဆိုးလာခဲ့ပါတယ်။နောက်ပိုင်းမှာ အစွဲကြီးလွန်းတဲ့ဘန်ဂလိုသရဲမက ဆင်မ်ရန်ရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖိုအထိ ဖြစ်လာတဲ့အခါ…ဆင်မ်ရန်တိုညီမ အစွဲကြီးရဲ့သရဲမအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ရမလဲ၊အဲဒီလိုအစွဲကြီးရတဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာအမြင်ရောအကြားနဲ့ပါ သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။