Drama ၊ Romance နဲ့ Girl Love အမျိုးအစားဖြစ်တဲ့The Holiday Club ကတော့ IMDb 6.6 ရရှိထားပါတယ်။အားလပ်ရက်တွေကိုမုန်းတဲ့ဆမ်တစ်ယောက် အားလပ်ရက်တွေမှာပျော်ရွှင်တတ်တဲ့မုန့်ဆိုင်ပိုင်ရှင်ဘေလီနဲ့ မထင်မှတ်ဘဲသိကျွမ်းခဲ့ရပါတယ်။သူငယ်ချင်းတွေဖြစ်လာကြတဲ့ဆမ်နဲ့ဘေလီဟာ လိုက်ဖက်ညီလွန်းပြီး အချိန်ကြာလာတာနဲ့အမျှ တစ်ဦးအပေါ်တစ်ဦးစိတ်ဝင်စားမှုကလည်းမြင့်တက်လာခဲ့ပါတယ်။ဘေလီကဆမ်ကိုမြင်မြင်ချင်းကတည်းကစိတ်ဝင်စားခဲ့ပေမယ့်ဆမ်ဘက်ကတော့ သူ့ခံစားချက်တွေကို မသေချာမရေရာဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာ ဆမ်တစ်ယောက် ဘေလီရဲ့အချစ်ကိုလက်ခံလိုက်မှာလားခံစားချက်တွေကိုရှောင်ပြေးနေဉီးမှာလားဆိုတာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။