ဒီတစ်ခါပရိသတ်ကြီးကို Horror မဆန်တဲ့ Horrorဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Biography ဆန်ဆန် မှုခင်း ဇာတ်ကား တစ်ခုလို့ပြောလို့ရတဲ့ ဒီဇာတ်ကားဟာ ၁၈၉၀ ခုနှစ် ဝန်းကျင်အက်စ်တိုးနီးယားနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုရုရှအင်ပါယာ လက်အောက်ကို ကျရောက်နေခဲ့ချိန်ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။အဓိက သရုပ်ဆောင်ဖြစ်တဲ့ ဂျူဟန်လိဗ်ဇာတ်ကောင်ဟာအစ္စတိုးနီးယားနိုင်ငံ လွတ်လပ်ရေး မရခင် မျှော်လင့်ချက်တွေမှေးမှိန်နေခဲ့တဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို တနည်းတဖုံမြှင့်တင်ပေးခဲ့တဲ့ ကဗျာဆရာ တစ်ဦး ဖြစ်ပါတယ်။ဂျူဟန်စိတ်ကျန်းမာရေး ဆေးရုံကို ဆယ်စုနှစ် တစ်ခုနီးပါးအပို့မခံရခင် သူစပြီး ခံစားခဲ့ရတဲ့ ရောဂါ ရှေ့ပြေးလက္ခဏာတွေကို ထင်ဟပ် တင်ဆက်ထားပြီးတော့ အဲဒီအချိန်ကသူရေးခဲ့တဲ့ Vari ( Shadow) ဆိုတဲ့ဝတ္ထုတိုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဒီလိုမျိုး ဝေဒနာတွေဖြစ်နေချိန်မှာ လူသတ်မှုတစ်ခုကိုကြုံတွေခဲ့ရပြီးတော့ အဲဒီလူသတ်မှုကို အမှုမှန်ပေါ်ပေါက်အောင်ကြိုးစားခဲ့တဲ့ ဂျူဟန်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားက အက်စ်တိုးနီးယားနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ရင်းနှီးတဲ့သူတွေအတွက် အဓိပ္ပါယ်ရှိပေမယ့် မရင်းနှီးတဲ့သူတွေအတွက်ကတော့ အနည်းငယ် နားမလည်နိုင်စရာတော့ ရှိပါတယ်စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူတစ်ဦးရဲ့ အမြင်ဘက်ကနေရိုက်ကူးထားတဲ့ ရိုက်ကွက်တစ်ချို့က အဆက်အစပ်မရှိသလို ဖြစ်နေပေမယ့်လည်း အဲဒါကပဲ ဇာတ်ကောင်ရဲ့စရိုက်ကို ဖော်ကျူးသွားခဲ့တာပါ။လွတ်လပ်ရေး ရပြီးနောက်ယခုအချိန်မှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အက်စ်တိုးနီးယားနိုင်ငံရဲ့တစ်ချိန်က သမိုင်းကြောင်းအပြင် ရုရှအင်ပါယာရဲ့ ဖိနှိပ်မှုအခြေအနေတွေကို တစ်စေ့တစ်စောင်းတင်ဆက်သွားခဲ့တာမို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေး တစ်ခုပဲလို့ ဆိုချင်ပါတယ်။