Sons HD

Sons

Drama Thriller HD 2024-07-10 6.8 100 Min

ရင်ထဲထိရှအောင်ရိုက်ကူးထားတဲ့ ၁၅၀၀ အချစ်မပါတဲ့ထောင်ထဲက ၅၂၈ ချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Sons ဖြစ်ပြီးလက်ရှိIMDb Rating 6.5 အထိရရှိထားပါတယ်။ဇာတ်ကားလေးက ထူးလည်းထူးဆန်းသလို စိတ်ဝင်စားစရာလည်းကောင်းတဲ့အတွက် ရုပ်ရှင်ချစ်သူတွေအတွက်တစ်ခါ‌လောက်တော့မြည်းစမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။အီဗာဆိုတဲ့အမျိုးသမီးက ထောင်တွင်းမှာအလုပ်လုပ်နေတဲ့ထောင်စောင့်အရာရှိဖြစ်ပြီး သူ့ဘလောက်ကအကျဉ်းသားတွေကိုအရမ်းဂရုစိုက်ပြီးတရင်းတနှီးနေတတ်ပါတယ်။အလုပ်မှာလည်းအရမ်းတော်ပြီး သမာဓိရှိရှိနဲ့လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့အကျဉ်းသားတွေကလည်း သူ့ကိုလေးစားကြပါတယ်ဒါပေမယ့်တစ်နေ့မှာတော့ တခြားဘလောက်ကိုအသစ်ရောက်လာတဲ့ အကျဉ်းသားတစ်ယောက်ကိုတွေ့မိပြီးသူ့ပုံစံတွေကပြောင်းလဲသွားပါတော့တယ်အဲ့ဒီအကျဉ်းသားရှိရာဘလောက်ကိုချက်ချင်းရွှေ့ပြောင်းဖို့စာတင်ခဲ့ပြီး တာဝန်ပြောင်းပြီးတဲ့အခါမှာလည်း အဲ့ဒီအကျဉ်းသားကိုပဲ အထူးအာရုံစိုက်နေခဲ့ပါတော့တယ်။ဒီလိုနဲ့နောက်ပိုင်းမှာသူ့ရဲ့သမာဓိရှိတဲ့ဆုံးဖြတ်နိုင်စွမ်းတွေမှားယွင်းလာပြီး မရိုးသားတာတွေလုပ်မိလာပါတော့တယ်။အဲ့ဒီလိုမျိုးသူ့ကိုပြောင်းလဲသွားစေရတဲ့အကြောင်းအရင်းကဘာဖြစ်မလဲအဲ့ဒီအကျဉ်းသားကရောသူနဲ့ဘယ်လိုတွေပတ်သတ်နေတယ်ဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။