၂၀၁၇ ခုနှစ်က ထွက်ခဲ့တဲ့ Hello ဆိုတဲ့ ရုပ်ရှင်ထဲမှာ တယောထိုးလိုက်ခုန်ပျံကျော်လွှားလုပ်လိုက်နဲ့ နာမည်ကြီးခဲ့တဲ့ တေလေဂူးမင်းသားချောအက်ခေးလ်နဲ့ မာလျာလမ် ဂန္ထ၀င်မင်းသားကြီး မာမူသီတို့ အဓိကပါဝင်ထားတဲ့တေလေဂူးစကားပြော စပိုင် အက်ရှင် သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ မီဒီယာ၊ အစရှိတဲ့တိုင်းပြည်ဒေါက်တိုင်တွေအားလုံးကို အီလူမီနာတီအဖွဲ့လိုမျိုးအဖွဲ့အစည်းတစ်ခုက နောက်ကွယ်ကနေ ချုပ်ကိုင်ထားပါတယ်။အဲဒီအဖွဲ့ကြီးကို ကြိုးကိုင်နေတဲ့ အဆင့်အမြင့်ဆုံးလူ ခေါင်းဆောင်ကဂေါ့ဆိုတဲ့လူတစ်ယောက်ဖြစ်ပြီး အားလုံးသိကြတဲ့ အိန္ဒိယထောက်လှမ်းရေးအဖွဲ့RAW က အဲဒီ ဂေါ့ကို ရှင်းဖို့ ကြိုးစားနေပါတယ်။ဒါပေမဲ့ အဲဒီလို အရင်းအမြစ်ပေါင်းစုံရှိတဲ့ RAW အဖွဲ့ကတောင်ဂေါ့ကိုဖမ်းဖို့ ခြေရာလက်ရာ လုံးဝ ရှာမတွေ့ဖြစ်နေတုန်းမှာငယ်ငယ်ကတည်းက စပိုင်တစ်ယောက်ဖြစ်ချင်လို့နည်းမျိုးစုံလေ့ကျင့်ထားတဲ့ ရစ်ကီဆိုတဲ့အပျော်တမ်းဟက်ကာကောင်လေးက RAW ရဲ့စစ်စတမ်ထဲကို ဟက်ခ်ပြီး အေးဂျင့်တစ်ယောက်ဖြစ်ချင်ပါတယ်လို့ ကမ်းလှမ်းလာတဲ့အခါမှာတော့…။ရစ်ကီတစ်ယောက် RAW အဖွဲ့ထဲ ဝင်ခွင့်ရသွားမလား၊ ဂေါ့ကဘယ်လောက်ထိ ပါဝါရှိတဲ့သူလဲ၊ တစ်နိုင်ငံလုံးကို နောက်ကွယ်ကထိန်းချုပ်နေတဲ့အဖွဲ့အစည်းကြီးကို ဖြိုချနိုင်ကြမလားဆိုတာတွေကိုရိုက်ချက်ခပ်မိုက်မိုက်တွေနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။