4 Horror Tales: February 29 HD

4 Horror Tales: February 29

Horror HD 2006-07-20 5.8 90 Min

Four Horror Tales စီးရီးရဲ့ ပထမမြောက်ဇာတ်လမ်းဖြစ်တဲ့ February 29 ရုပ်ရှင်ဟာရက်ထပ်နှစ်တိုင်း ပေါ်လာတဲ့ ၂ လပိုင်း ၂၉ ရက်နေ့ကို အခြေတည်ပြီး ဖန်တီးထားတဲ့သည်းထိပ်ရင်ဖိုဇာတ်လမ်းပဲဖြစ်ပါတယ်။တိုးဂိတ်မှာ လက်မှတ်ဖြတ်သူအဖြစ် အလုပ်လုပ်တဲ့ ဂျီယွန်းဟာ တစ်နေ့မှာ သူမနဲ့ တစ်ပုံစံတည်းဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ကြားလိုက်ရတော့တယ်။တိုက်ဆိုင်မှုဆိုပြီးသတ်မှတ်လိုက်တဲ့ သူမဟာ နောက်ပိုင်းမှာ သူမရဲ့ အလုပ်ခွင်ဖြစ်တဲ့ တိုးဂိတ်အနီးမှာပဲလူသတ်မှုတွေကို တစ်စတစ်စကြားလာရတော့တယ်။ထူးဆန်းတာက အဲဒီလူသတ်မှုတွေအပြီးမှာ သူမရှိတဲ့တိုးဂိတ်ဆီကိုအမည်မသိကားနက်တစ်စီးလာပြီးသွေးစွန်းနေတဲ့ လက်မှတ်တစ်စောင်ကို လာဖြတ်တာပါပဲ။ဒီလိုနဲ့ သူမဟာ တရားခံကိုရှာဖို့ စိတ်ပိုင်းဖြတ်ရင်း အကြောင်းစုံကို သိလိုက်ရတဲ့အခါမှာတော့….။Alchemy ofSouls မှာ ဂျင်းအိမ်တော်ရဲ့ သခင်မအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီးဘတ်အွန်းဟယ်ဦးဆောင်ပါဝင်ထားတာ ဖြစ်တဲ့အတွက် သရုပ်ဆောင်ချက်တွေက ပြောစရာမလိုအောင်ပိရိနေပြီးကြည့်ရှုသူပရိသတ်ကို ဆွဲငင်စေမဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်ဆိုတာ အာမခံနိုင်ပါတယ်။