နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့….စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး (နီကိုးလတ်စ်ကေ့စ်ချ်) ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေက ကိုယ်ဝန်သည်မိန်းမကိုထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီး နောက်ဆုံးမှာတော့Jail Baird ဆိုတဲ့ ထောင်သားရွှေ့ပြောင်းမယ့် လေယာဥ်ကြီးကိုစီးပြီးအိမ်ပြန်ရတော့မှာပါ…ဒါပေမဲ့ လေယာဥ်ပေါ်မှာ အဆိုးတကာ့ အဆိုးဆုံးထောင်သားတွေပါ ပါလာတဲ့အခါမှာတော့…ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ်လဲ နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ရဲ့ဟီရိုးဖြစ်ခဲ့တယ်….မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိအားပေးခဲ့ရတာတွေပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ….