ဝမ်နင်ရဲ့ ဘဝက အသုံးမကျတဲ့ယောက်ျားကပေးတဲ့ ဒုက္ခကလည်း ဒုနဲ့ဒေး၊ စားဝတ်နေရေးမပြေလည်ရတဲ့ကြားမှာမှ အမေအိုတစ်ယောက်နဲ့ သမီးလေးတစ်ယောက်အတွက်ပါရုန်းကန်နေရတဲ့သူပေါ့။ ဝမ်နင်ရဲ့ယောက်ျားကတော့ ငွေတွေလိမ်ပြီး မိန်းမနဲ့သမီးကိုထားရစ်ခဲ့တဲ့ မကောင်းတဲ့ကောင်ဆိုပေမဲ့ သိပ်လိမ္မာတဲ့ သမီးလေးနီမာလာကတော့ဝမ်နင်ရဲ့ ကံဆိုးလှတဲ့ဘဝထဲက ဆည်းလည်းလေးပေါ့။ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတဲ့ ကံခေလှတဲ့ မိုးသည်းညတစ်ညမှာ ဝမ်နင်တစ်ယောက်အမေနဲ့သမီးလေးကို ဆိုင်ကယ်ပေါ်တင်ပြီး ဖြတ်လမ်းကနေအပြန် တံတားကျိုးကျပြီးတော့အမေလည်းဆုံးသွားပြီး သမီးလေးလည်း ပျောက်သွားတဲ့အခါ…ဘဝရဲ့တစ်ခုတည်းသောပျော်စရာကို ကြမ္မာနတ်မင်းဆီက ရက်ရက်စက်စက် လုယူခံလိုက်ရပြီးတော့မျှော်လင့်ချက်ပျောက်နေတဲ့ဝမ်နင်ဟာဂျပန်သုတေသီနဲ့ ပေါ့ကပ်စ်ဟို့စ်တစ်ယောက်ရဲ့ ကူညီဖေးမမှုအောက်မှာ မျှော်လင့်ချက်ရောင်ခြည်လေး ပြန်မြင်လာရပြီး သမီးကို ကိုယ်တိုင်ရှာဖို့ ကြိုးစားချိန်မှာဘယ်လိုအချိုးအကွေ့တွေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။