Who’s Watching Us ဆိုတဲ့ ဇာတ်ကားလေးဟာ၂၀၂၄မှာထွက်ထားပြီး ဒါရိုက်တာ Denise Mone’t မှရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့ Harrisဆိုတဲ့မိသားစုလေးအကြောင်းနဲ့အစပြုထားပါတယ်။Jasmine Harris ရဲ့အဖေနဲ့အမေဟာ မွေးနေ့ပွဲအတွက်လင်မယားနှစ်ယောက်တည်းအပြင်မှာညစာသွားစားဖို့အစီအစဥ်ဆွဲထားကြပါတယ်။ သို့သော်လည်း Jasmine နဲ့Micah တို့မောင်နှမနှစ်ယောက်ကို စောင့်ရှောက်ထိန်းပေးနေကျကလေးထိန်းဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါ ကလေးထိန်းအသစ်တစ်ယောက်ကို ခေါ်ခန့်လိုက်ရပါတော့တယ်။ကလေးထိန်းအသစ် ဖြစ်တဲ့ Ruth ဟာမူမမှန်တာကြောင့် Jasmine ဟာတစ်ခုခုမှားနေကြောင်းသတိထားမိသွားပါတယ်။ထို့ နေ့ည Jasmine တို့အိမ် မှာ ဘာတွေဖြစ်ပျက်သွားမလဲ…Jasmineဟာလည်းတစ်ခုခုမှားနေကြောင်းကိုရှာဖွေတွေ့ရှိသွားမလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုသည်းထိတ်ရင်ဖိုနှင့်စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။