Beline HD

Beline

Thriller HD 2024-03-29 3 85 Min

၂၀၂၄ က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖိုဆန်ဆန် အိန္ဒိယစကားပြောရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ ပင်စင်ယူထားတဲ့ အဘိုးအိုတစ်ယောက် သူ့ရဲ့ တီဗွီအပျက်လေးကို ပြင်ဖိုကြိုးစားနေပါတယ်။အဲဒီအဘိုးကြီးဟာမိသားစုမရှိတဲ့တစ်ကိုယ်တည်းလူတစ်ယောက်ဖြစ်ပြီးသူနဲ့ပတ်သက်တဲ့သူကလည်း နှစ်ယောက်သုံးယောက်သာရှိပါတယ်။သူဟာ အထီးကျန်ပေမဲ့ တီဗွီတစ်လုံးကိုအဖော်ပြုကာ ဘဝကို ပျော်ပျော်နေနေရင်းနဲ့သူ့ဆီကို ဖုန်းတစ်ခုမှားဝင်လာရာကနေ နောက်ဆက်တွဲအနေနဲ့ မိန်းမလှလေးတစ်ယောက်နဲ့သူ့ချစ်သူရဲ့ ဘဝထဲကို ချောင်းမြောင်းကြည့်ရှုခွင့်ရသွားပြီး ကသိကအောက်ဖြစ်စရာတွေကြုံလာရပုံကိုဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။