The Ceremony Is About to Begin FHD

The Ceremony Is About to Begin

Horror FHD 2024-04-06 7 70 Min

ဒီကားကတော့ ဒါရိုက်တာ Sean Nichols Lynch ရိုက်ကူးထားပြီးChad Westbrook Hinds, John Laird, Raul Delarosa တို့ကအဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Psychological Thrilleအမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကို အခြေခံထားတဲ့ ကိုးကွယ်မှုအသစ်ကိုယုံကြည်သက်ဝင်သူတွေဆီ သွားပြီးတော့ မှတ်တမ်းဗီဒီယိုရိုက်ကူးမယ့် Youtuber တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီကားထဲမှာတော့ ကိဒ်ဆိုတဲ့ Youtuber တစ်ယောက်ကလက်ထပ်ပြီးတာတောင် မမေ့နိုင်သေးတဲ့ ရည်းစားဟောင်းဆီကနေအီးမေးလ်တစ်စောင်ရခဲ့ပါတယ်။ဒါပေမယ့် စာကိုရပြီးနောက်မှာတော့ရုတ်တရက်အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ သူမက သူ့ကိုပစ်သွားခဲ့ပြီးတော့ ရှေးဟောင်းအီဂျစ်သက်ဝင်ယုံကြည်တဲ့အဖွဲ့ထဲကို ဝင်သွားခဲ့တဲ့သူပါ။သူမရဲ့စာထဲမှာ‌အနူးဘစ်လို့ခေါ်တဲ့လူအကြောင်းရေးထားခဲ့ပြီးတော့ကိဒ်ကကောင်မလေးအန္တရာယ်ကြုံနေပြီလို့ ထင်နေတဲ့အပြင်အနူးဘစ်ကိုပါ သံသယဝင်နေခဲ့ပါတယ်။အဲဒီနောက်မှာ အနူးဘစ်ဆီကနေသူတို့အဖွဲ့နေထိုင်ရာဆီကို မှတ်တမ်းလာရိုက်ဖို့ ဖိတ်ခေါ်စာရောက်လာတဲ့အချိန်မှာတော့ ရည်းစားဦးကိုမမေ့နိုင်သေးတဲ့ကိဒ်တစ်ယောက် ကောင်မလေးအတွက်စွန့်စားပြီးသွားရောက်ရိုက်ကူးဖို့ဖြစ်လာပါတယ်။အီဂျစ်ယဉ်ကျေးမှုတွေကို ကိုးကွယ်နေတဲ့ဒီအဖွဲ့မှာ ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေ ရှိနေတာများလဲ…..လူတွေပျောက်သွားတာရော ဘာကြောင့်ဖြစ်နေမလဲ….ဒါတွေကိုအဖြေရှာရမယ့်အပြင်ဒဏ္ဍာရီလာမမ်မီတွေနဲ့ပတ်သက်တာတွေလည်း ထည့်သွင်းရိုက်ကူးထားလို့ ထိတ်လန့်ခြောက်ခြားဖွယ်ရာကြည့်ရှုရမှာပါ။