I'm Still Here HD

I'm Still Here

Drama History HD 2024-09-19 8 138 Min

ဒီဇာတ်ကားလေးကတော့ မာဆယ်လို ရူဘင် ပါဗာ၏ ကိုယ်ရေးအကျဉ်းကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတင်ဆက်ထားပြီးတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ မစိမ်းဘူးလို့ ပြောရမှာပါ။ဇာတ်လမ်းအကျဉ်း ယူနိစ် ပါဗာဟာ လွှတ်တော်အမတ်ဟောင်းရဲ့ ဇနီးဖြစ်ပြီးတော့ ယောက်ျားဖြစ်သူ ရူဘင်ပါဗာနဲ့ သားသမီးငါးယောက်တို့နဲ့အတူ သာယာပျော်ရွှင်စွာ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေတဲ့အိမ်ရှင်မတစ်ဦးပါ။ဘရာဇီးနိုင်ငံဟာ အဲအချိန်မှာ စစ်အုပ်ချုပ်ရေးစနစ် အာဏာရှင်စနစ်အောက် ကျရောက်နေတာဖြစ်တဲ့အတွက် အကြီးအငယ် အယုတ် အလတ် အမြတ်မရွေး ပြည်သူတိုင်းဟာ ကျီးလန့်စာစားပြီးနေရတဲ့ကာလဖြစ်လို့နေပါတယ်။ တစ်နေ့မှာတော့ ယူနိစ် ပါဗာတို့အိမ်ကို စစ်တပ်ကလူတွေ ရောက်လာပြီးတော့ သူမရဲ့ယောက်ျားဖြစ်သူ လွှတ်တော်အမတ်ဟောင်း ရူဘင် ပါဗာကို မေးမြန်းစရာရှိလို့ဆိုပြီးခေါ်ဆောင်သွားပါတော့တယ်။ စိတ်မကောင်းစွာနဲ့ပဲ ရူဘင် ပါဗာဟာ ခဏတဖြုတ်ပဲလို့ပြောပြီး ခေါ်သွားရာက ပျောက်ချင်းမလှ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ ယူနိစ် ပါဗာဟာသူမယောက်ျားရှိတဲ့နေရာကို အသည်းအသန် လိုက်စုံစမ်းရင်းက သူမယောက်ျားဟာ အာဏာရှင်တော်လှန်ရေးအဖွဲ့မှာ ပါဝင်နေကြောင်းသိရှိလိုက်ရပါတော့တယ်။ဒီတော့ ဒီဇာတ်ကားလေးမှာ ယူနိစ်ပါဗာတစ်ယောက် သားသမီးငါးယောက်ကို စောင့်ရှောက်ရင်း သူ့ယောက်ျားကို ဘယ်လိုဘယ်ပုံ လိုက်ရှာမလဲဆိုတာကို ကြည့်ရှုရမဲ့ ကျွန်တော်တို့လက်ရှိအခြေအနေကို အပေါ်လွင်ဆုံး ထင်ဟပ်စေနိုင်မဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။