The Haunting in Connecticut 2: Ghosts of Georgia FHD

The Haunting in Connecticut 2: Ghosts of Georgia

Drama Horror Thriller FHD 2013-02-01 5.8 101 Min

The Haunting in Connecticut 2: Ghosts of Georgia ဇာတ်ကားကတောDirector : Tom Elkins ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့ သရုပ်ဆောင်တွေအနေနဲ့Abigail Spencer,Morgana Shaw,Chad Michael Murray နဲ့Emily Alyn Lind တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။စိတ်ဆိုတဲ့အရာက ထူးဆန်းလှပါတယ်။တကယ်ရှိနေတာကို မရှိဘူးဆိုပြိးလုပ်လို့ရသလိုတကယ်မရှိတာကိုလည်း အရှိလုပ်လို့ရပါသေးတယ်။စိတ်ကိုဖိအားအရမ်းပေးတာမျိုး ၊ ကြောက်စိတ်တွေအရမ်းများနေခြင်းမျိုးတွေကလည်းလူတစ်ယောက်ရဲ့မသိစိတ်ကနေ ကြောက်နေတဲ့အရာတွေကိုတကယ့်လက်တွေ့သကဲ့သို့ထင်မှတ်လာစေပါတယ်။ဒါပေမယ့် တစ်ချို့သောအရာတွေကတော့တကယ်မရှိဖူးလို့ထင်မှတ်ချင်ပေမယ့်လည်း…..  ဒီဇာတ်ကားထဲမှာဆိုရင်တော့စူးစမ်းလေ့လာရတာကို သဘောကျတဲ့ မိသားတစ်စုကဟိုးရှေးခေတ်ကသမိုင်းဝင်အိမ်ကြီးတစ်အိမ်ကို လေ့လာဖို့ပြောင်းလာကြတယ်။သူတို့တွေလေ့လာမှု့တွေလုပ်ကြတယ်။ပျော်ရွှင်နေကြတယ်။ဒါပေမယ့် မကြာခင်မှာ ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာသိရှိပြီးနောက် သူတို့ရဲ့ပျော်ရွှင်မှု့တွေ အဆုံးသတ်သွားခဲ့ပါတယ်။ဘာကြောင့်လဲ….ဘာလို့လဲဆိုတာကို သိချင်ရင်တော့ဇာတ်ကားလေးထဲမှာ ဆက်လက်ရှု့စားကြပါတော့…။ဒီဇာတ်ကားကတော့ Drama,Horror,Mystery ဇာတ်ကားဖြစ်သည့်အပြင်IMDb rating 5.3 ရရှိထားတာကြောင့်မိသားစုနှင့်ဖြစ်ဖြစ် ချစ်သူနှင့်ဖြစ်ဖြစ် ကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။