The Little Mermaid FHD

The Little Mermaid

Family Fantasy Adventure Romance FHD 2023-05-18 6.319 135 Min

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့Little Mermaid ဖြစ်ပြီး သင်တို့ထင်ကြတဲ့အတိုင်းDisney ကထုတ်တဲ့ ရေသူမလေးမဟုတ်ပါဘူး။ဒီကားထဲကရေသူမလေးကမင်းသမီးမဟုတ်ဘဲဗီလိန်ရေသူမဖြစ်ပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ ကြည့်လို့ကောင်းတယ် စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့ထဲမှာတော့ ပါဝင်ပါတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်နည်းနည်းစိတ်ဝင်စားသွားပြီဆိုရင်တော့Review လေးကိုဖတ်ကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။အဲရစ်ဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်က ရှေးဟောင်းနေရာတစ်ခုမှာ တူးဖော်သုတေသနပြုနေရင်းနဲ့ရှေးခေတ်ကအဆောက်အဦးပုံစံတွေကိုတွေ့ခဲ့တဲ့အတွက် စိတ်အားထက်သန်စွာနဲ့ ဆက်လက်တူးဖော်နေခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီမြေပိုင်ရှင်က ခဏခဏပြဿနာလာရှာနေတဲ့အတွက်သူငယ်ချင်းဖြစ်သူဖာဒီနဲ့ပေါင်းပြီး လာဘ်ထိုးရပေါင်းလည်းမနည်းတော့ပါဘူး။ဒီလိုနဲ့တစ်နေ့မှာအော်ရိုရာဆိုတဲ့ကောင်မလေးချောချောလေးတစ်ယောက်နဲ့ အဲရစ်တို့တွေ့ဆုံခဲ့ပြီးသံယောဇဉ်တွေတွယ်လာခဲ့ကြပါတော့တယ်။ဖြစ်ချင်တော့ အဲရစ်ရဲ့တူးဖော်မှုသုတေသနကြီး ရှယ်အောင်မြင်ပြီဆိုမှ မြေပိုင်ရှင်ကညစ်ပြီး ဆက်တူးဖော်ခွင့်မပေးတော့ကြောင်းကိုအော်ရိုရာဆီရင်ဖွင့်လိုက်ရာမှာတော့ သူဌေးမကြီးဖြစ်တဲ့အော်ရိုရာက အဲ့ဒီမြေကိုဝယ်ချလိုက်ပြီး အဲရစ်ကိုအေးဆေးသုတေသနလုပ်ခွင့်အမ်းခဲ့ပါတော့တယ်။မကြာခင်မှာသူ့သူငယ်ချင်းဖာဒီလည်းရောက်လာပြီးအဲရစ်နဲ့အော်ရိုရာတို့ကြားက ဆက်ဆံရေးကိုမသင်္ကာဖြစ်တာကတစ်ကြောင်း သူတို့တွေ့ရှိတဲ့သုတေသနတွေကလည်း ထူးဆန်းနေတာကတစ်ကြောင်းကြောင့် သံသယတွေဖြစ်လာခဲ့ရင်းမှအော်ရိုရာကရေသူမဆိုတာကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲသုတေသနကရော ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာတွေကိုစိတ်ဝင်စားစရာရှုစားရမှာပဲဖြစ်ပါတယ်။