ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့်အထိမ်းအမှတ်အနေနဲ့ Independence Day 2 လာဦးမှာမို့ ဒီဇာတ်ကားကို အရင်ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားကစိတ်ကူးယာဉ် သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီးဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ရင်ဆိုင်မှာလဲဆိုတာစိတ်ဝင်စားစရာပါ။ သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေအဲဒီလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး။