4 Horror Tales: Dark Forest HD

4 Horror Tales: Dark Forest

Horror HD 2006-08-17 4 99 Min

“အသက်ရှိနေတုန်း ကြိုးတွေကိုမဖြတ်ထားရင် သေသွားတော့ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ”4 Horror Tales စီးရီးရဲ့ ဇာတ်လမ်းလေးထဲက တစ်ခုဖြစ်တဲ့ Dark Forest ကတော့အာားလပ်ရက်မှာတောင်တက်ခရီးထွက်ခဲ့ကြတဲ့ သူငယ်ချင်းလေးဦးရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။လူဝင်ခွင့်မပြုတဲ့ တောင်ပေါ်တောအုပ်ကြီးတစ်ခုထဲကို လေးဦးသား အရဲစွန့်ဝင်ခဲ့ကြပြီးနောက်မှာတစ်ယောက်ပြီးတစ်ယောက် မူမမှန်တဲ့ဖြစ်ရပ်တွေကို တွေ့ကြုံလာရတော့တယ်။အသက်အကြီးဆုံးလည်းဖြစ်တောင်တက်အဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်သူ ဝူဂျင်း၊သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ ဂျောင်အာ၊ အရာရာကို ခပ်ပေါ့ပေါ့တွေးပြီးအလောင်းအစားကြိုက်တဲ့ ဂျွန်ဟူ၊ တက်ကြွပြီး ကလေးဆန်တဲ့မိန်းမပျိုလေး ဆယ်အွန်း..သူတို့ ၄ ဦးရဲ့ တောင်တက်ခရီးဟာ အလာတုန်းကလို ဖြောင့်ဖြူးပါ့မလား..ဘယ်သူတွေပဲ အကောင်းပကတိအတိုင်း တောအုပ်ထဲက ပြန်ထွက်နိုင်မလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စောင့်မျှော်ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းပဲဖြစ်ပါတယ်။