The Silent Planet FHD

The Silent Planet

Thriller Science Fiction FHD 2024-07-24 8.3 95 Min

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Sci-fi/ Thriller အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီကားလေးမှာဆိုရင် အခြားသောဂြိုဟ်ပေါ်သို့ အကျဉ်းသားအဖြစ်ပို့ဆောင်ခံရသူ နှစ်ဦးရဲ့အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်..Niyya ဟာ အိုဝီယန်ဂြိုဟ်သားအမျိုးသမီးတစ်ဦးက ကောက်ယူမွေးစားထားတဲ့ ကမ္ဘာဂြိုဟ်သားတစ်ဦးဖြစ်ပါတယ်အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်ပေါ်ကို စစ်ဘေးဒုက္ခသည်အနေနဲ့ရောက်လာကြသူတွေဖြစ်ပြီးကမ္ဘာဂြိုဟ်သားများဟာ လိုလိုလားလားကြိုဆိုမှုမရှိခဲ့ပါဘူး စစ်ဘေးရှောင်စခန်းများမှာကမ္ဘာဂြိုဟ်သားများရဲ့ နှိပ်စက်ကလူပြုမှု ညှင်းပန်းနှိပ်စက်မှုကိုများခံစားကြရတဲ့ အိုဝီယန်တွေကို နေ့စဉ်မြင်တွေ့ပြီးကြီးပြင်းလာသောNiyya ထံသို့ အလားတူအဖြစ်အပျက်မျိုးဟာ မလွဲမရှောင်သာကျရောက်လာခဲ့ပါတော့တယ်.ထိုညှင်းပန်းနှိပ်စက်မှုအတွင်း Niyya ကို မွေးစားခဲ့သူ အိုဝီယန်ဂြိုဟ်သားမိသားစုတို့အသတ်ဖြတ်ခံခဲ့ရပြီး Niyya ဟာ ကမ္ဘာဂြိုဟ်သားမိသားစုအိမ်သို့ ပို့ဆောင်ခံရကာ မွေးစားခံခဲ့ရပါတယ်အိုဝီယန်တွေဟာ ကမ္ဘာဂြိုဟ်သားတွေရဲ့ နှိပ်စက်ကလူပြုမှုကိုနေ့စဉ်ခံစားနေရပြီး၎င်းတို့အားသတ်ဖြတ်မှုကို အစိုးရကလည်းမျက်ကွယ်ပြုပေးထားခဲ့ပါတယ် တစ်ဖက်မှာလည်း အစိုးရဟာတန်းတူညီတူဆက်ဆံရေးအတွက် တက်ကြွလှုပ်ရှားပေးသူများကိုအကြောင်းအမျိုးမျိုးပြဖမ်းဆီးနှိပ်ကွပ်နေခဲ့ပါတယ်ကလေးဘဝကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်းခဲ့သူ Niyya ဟာအစိုးရအဖွဲ့ဝင်တစ်ယောက်ကို လုပ်ကြံကာ လက်စားချေဖို့ကြိုးစားနေစဉ်မှာပဲ အသွင်ယူရဲတစ်ယောက်ရဲ့ဖမ်းဆီးခြင်းကို ခံရကာတစ်သက်တစ်ဂြိုဟ်ပြစ်ဒဏ်ကျခံရပါတော့တယ်ဂြိုဟ်တစ်လုံးကို တစ်ယောက်သာပို့ဆောင် ပြစ်ဒဏ်ပေးသောစနစ်မှာ အလွဲအချော်တစ်ခုဖြစ်ခဲ့ပြီး Niyya ရောက်ရတဲ့ဂြိုဟ်မှာရှေ့ကပို့ဆောင်ထားပြီးသား သေလူအဖြစ်သတ်မှတ်ထားတဲ့Theodore တစ်ယောက်နဲ့ အသက်မသေသေးဘဲ တွေ့ရတဲ့အခါမှာတော့…ဒီဇာတ်ကားလေးဟာဆိုရင် နိုင်ငံပျောက်သူနေရာပျောက်သူစစ်ဘေးဒုက္ခသည်တွေရဲ့ ဒုက္ခကို အရိပ်အယောင်ပြ တင်ဆက်ပုံဖော်ထားပြီး အကျယ်လောင်ဆုံးသောအသံဖြစ်တဲ့ တိတ်ဆိတ်မှုရဲ့ကြောက်မက်ဖွယ်ရာအသွင်ကို ရုပ်လုံးဖော်ပြထားလို့သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကြိုက်နှစ်သက်သူ ရုပ်ရှင်ပရိသတ်များ အာသာပြေမြည်းစမ်းကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….