Fussclass Dabhade HD

Fussclass Dabhade

Comedy Family HD 2025-01-24 8.3 154 Min

မာရသီစကားပြော အိန္ဒိယမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ခုနောက်ပိုင်း မာရသီစကားပြောရုပ်ရှင်တွေ ဆက်တိုက်တင်ဆက်ပေးခဲ့တာမှာ တွေ့ရသလောက်ဇာတ်ကြောင်းက မင်သက်ရလောက်အောင်ထိမဖြစ်တောင် ဇာတ်လမ်းကို အငြိမ့်လေးနဲ့ခံစားမှုတစ်ခုခုရအောင် ရိုက်ကူးထားတာကို တွေ့ရပါတယ်။ဒီရုပ်ရှင်မှာဆိုလည်း မိသားစုညီကိုမောင်နှမတွေကြား၊ သူငယ်ချင်းတွေကြား၊ အမျိုးတွေကြားကသံယောဇဉ်အနှောင်အဖွဲလေးတွေနဲ့ အထင်လွဲမှားမှုတွေကို သဘာ၀ကျကျ ဖန်တီးရိုက်ကူးထားပါတယ်။ဒါဘာဒေမိသားစုက အငယ်ဆုံးသားမင်္ဂလာဆောင်မှာ မောင်နှမတွေ ဆွေမျိုးတွေမပျင်းရအောင်ရိုက်ကူးတင်ဆက်ထားတာမိုခံစားကြည့်ရှုကြပါဦး။