ပရိသတ်ကြီးအတွက် ဒရာမာရော သည်းထိတ်ရင်ဖို ဇာတ်၀င်ခန်းတွေပါကြည့်ရမဲ့ရုပ်ရှင်တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ရမ်ဘာဘူဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ အမေဖြစ်သူနဲ့အတူအမေတစ်ခုသားတစ်ခုဘ၀နဲ့ ကြီးပြင်းလာရသူပါ။ အမေကိုသည်းသည်းလှုပ်ချစ်တဲ့သူပေါ့။တစ်နေ့တော့ သူ့အမေနေမကောင်းရာကအစပြုလို့ ဖခင်ဖြစ်သူကို လိုက်ရှာဖို့အကြောင်းဖန်လာပါတယ်။သူ့ရည်ရွယ်ချက်ကတော့ သူ့အမေရဲ့ဆန္ဒတစ်ခုပြည့်ဖို့ သူ့အဖေကို သူ့အမေဆီအရောက်ခေါ်လာဖို့ပါပဲ။ဒီလိုနဲ့ သူ့အဖေဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပေမဲ့ သူ့အဖေက နောက်အိမ်ထောင်ကျနေပါပြီ။ဒါကြောင့် သူ့ကိုယ်သူသားလို့၀န်မခံဘဲ မိဘမဲ့ချန်ဒရာဘ၀နဲ့ ဖခင်ရဲ့ကြက်သားဆိုင် အလုပ်၀င်အလုပ်လုပ်ခဲ့ပါတယ်။ပုရွတ်ဆိတ်တစ်ကောင်တောင် မသတ်ရက်ခဲ့တဲ့ လူငယ်လေးရမ်ဘာဘူဟာအခြေအနေအရ ကြက်သားဆိုင်မှာ ကြက်တွေသတ်ခဲ့ရပါတယ်။တစ်နေ့မှာ ဘာသာရေးဗန်းပြပြီး လူတွေကိုသတ်ဖြတ်အနိုင်ကျင့်နေတဲ့အစွန်းရောက်လူတစ်စုနဲ့ ကြုံလာရတဲ့အခါမှာတော့…။ရမ်ဘာဘူတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲ၊ ဘာတွေကြုံလာရဦးမလဲ၊ဖခင်ဖြစ်သူကိုရော သူ့မိခင်ဆီ ခေါ်သွားနိုင်ပါ့မလားဆိုတာကိုဇာတ်အလှည့်အပြောင်းကြမ်းကြမ်းလေးနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။