ယခုတစ်ခါမှာတော့ မင်းသမီးNatalia Janoszek, မင်းသားကြီး Ashutosh Rana နဲ့ Makrand Deshpandeတိုပါဝင်ထားတဲ့ မှုခင်းဒရာမာဇာတ်လမ်းကောင်း၊ ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။တစ်ရက် လမ်းမရဲ့အလယ်ခေါင်မှာ ကိုယ်တုံးလုံးနဲ့ နိုင်ငံခြားသူလေးတစ်ယောက် မေ့လဲနေတာကိုမြင်တွေ့ခဲ့ကြရပြီးတော့ ရဲတွေလာရောက်စစ်ဆေးတဲ့အခါမှာတော့မုဒိမ်းကျင့်စွန့်ပစ်သွားခဲ့တာဖြစ်ကြောင်းသိခဲ့ရပါတော့တယ်။နိုင်ငံခြားသူလေးရဲ့ အမှုမှာ အဓိကတရားခံကတော့ ဝန်ကြီးရဲ့သားနဲ့ တူဖြစ်သူတိုဖြစ်ကြပြီးတော့အာဏာရှိသူတွေပီပီ ဒီအမှုကို ဖုံးကွယ်ဖိုအတွက် လုပ်ကြပါတော့တယ်။ဒီအခါမှာ ဒီအမှုနဲ့ ဘာမှမဆိုင်ပေမဲ့ သူကိုယ်တိုင်လည်း ဒီလိုအမှုမျိုးနဲ့ကြုံတွေ့ခဲ့ရပြီး အခုအခါမှာNGOထောင်ထားပြီး နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘက်ကနေ လိုက်လံကူညီပေးနေတဲ့ဆတ်တယာဆိုတဲ့ကောင်မလေးဟာ နိုင်ငံခြားသူလေးကို ကူညီပေးဖို ဖြစ်လာပါတော့တယ်။ဒီကိစ္စမှာ အထက်အာဏာပိုင်တွေ ပါဝင်တဲ့အတွက် ဒီအမှုကိုလိုက်ဖို ရှေ့နေငှားတဲ့အခါမှာဘယ်သူကမှ မလိုက်ချင်ကြတဲ့အဆုံးမှာတော့ ဆတ်တယာတစ်ယောက် မှန်ကန်ဖြောင့်မတ်ပြီးတော့အမှန်တရားကို လိုလားတဲ့ ရှေ့နေကြီး ဆီတာပတ်တီ ရှူကလာဆိုသူထံ အပူကပ်ရပါတော့တယ်။ဆီတာပတ်တီ ရှူကလာဟာ ယခုအခါမှာဆိုရင် ရှေ့နေအလုပ်ကို မလုပ်တော့ဘဲ လမ်းဘေးမှာမုန့်ရောင်းနေပါတယ်။ဒီလိုနဲ့ အမှန်တရားကို လိုလားတဲ့ ဆတ်တယာတစ်ယောက် အမှန်တရားကို ချစ်မြတ်နိုးတဲ့ရှေ့နေကြီးဆီတာပတ်တီကို ဒီအမှုလိုက်ဖိုအတွက် ဘယ်လိုတွေ စည်းရုံးသွားမလဲ …….ဆီတာပတ်တီ ရှူကလာကရော ဒီအမှုကို လိုက်ပေးမှာလား ……..နောက်ဆက်တွဲ ဇာတ်လမ်းကရော ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။