Antoine Sada ဟာ ထူးချွန်ပေမဲ့ ပုန်ကန်တတ်တဲ့ စရိုက်ရှိလို့ အထက်လူကြီးတွေ မျက်မုန်းကျိုးတဲ့ အထူးရဲအရာရှိတစ်ဦးဖြစ်ပြီး ထိပ်တန်း အထူးရဲ Squad တစ်ခုမှာ တာဝန်ထမ်းဆောင်ပါတယ်။တစ်နေ့မှာရဲကျင့်ဝတ််တစ်ခုကို ချိုးဖောက်မိခဲ့တဲ့အတွက် အဲဒီ Squad ကနေ ထုတ်ပယ်ခံရပြီး နယ်ပြောင်းခံလိုက်ရပါတယ်။ခြောက်လကြာပြီးတဲ့အနောက်မှာ Squad ထဲက သူ့ရဲ့မိတ်ဆွေနှစ်ယောက်လုပ်ကြံခံလိုက်ရသလို တစ်ယောက်ကလည်း ရုတ်တရက် ပျောက်ဆုံးသွားပါတယ်။ဒီလိုနဲ့ Antoine တစ်ယောက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းပြီး အဖြစ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာဒီဖြစ်စဥ်တွေဟာ သူထင်ထားတာထက် နက်ရှိုင်းနေပြီး ရဲတပ်ဖွဲ့ဝင်တွေအကြား အကျင့်ပျက်ခြစားမှုတွေ၊အတွင်းပဋိပက္ခတွေနဲ့ ပြင်သစ်ရဲတပ်ဖွဲ့ ထိပ်သီးအကြီးအကဲတွေ အဆင့်ထိ ပတ်သက်ဆက်နွယ်နေတဲ့အဖြစ်မှန်တွေကို သိလိုက်ရတဲ့အခါ Antoine တစ်ယောက် ဘယ်လိုဘယ်ပုံ ရင်ဆိုင်မလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ဟောလီးဝုဒ်မှုခင်းရုပ်ရှင်တွေ ငြီးငွေ့နေသူတွေအတွက်ဒီပြင်သစ်မှုခင်းရုပ်ရှင်က အတိုင်းအတာတစ်ခုထိ ဆွဲဆောင်နိုင်လိမ့်မယ်၊ အက်ရှင်ခန်းတွေ ဖောချင်းသောချင်း မပါပေမဲ့ပါဝင်တဲ့အခန်းတွေကလည်း ပီပြင်ကြမ်းတမ်းတဲ့အပြင် ဇာတ်လမ်းတင်ပြပုံ ကလည်းသဘာဝကျတဲ့အတွက် ကြည့်ရှုလို့မဆိုးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။