ရုပ်ရှင်ကားကြီးတွေမှာ မြင်တွေ့နေကျတော့မဟုတ်ပေမဲ့တချို့နာမည်ကြီး Series တွေမှာမြင်တွေ့နေကျဖြစ်တဲ့ နာမည်မကြီးတကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတဲ့စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Star City Murders ဖြစ်ပြီးလူသတ်မှုတွေကိုရှာဖွေစုံစမ်းစစ်ဆေးရတဲ့ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့စုံထောက်လောင်းတို့အတွက်တော့ကြည့်ရတာစိတ်ဝင်စားစရာကောင်းစေမှာဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့ ဇာတ်ကားနာမည်ကိုကြည့်လိုက်တာနဲ့ စတားစီးတီး(မြန်မာကမဟုတ်)မှာဖြစ်တဲ့လူသတ်မှုတွေကိုနယ်ခံရဲဌာနကစုံထောက်ကြီးတွေက အဖြေရှာရတဲ့ပုံစံမျိုးရိုက်ကူးထားတာဖြစ်ပါတယ်။လူသတ်တဲ့ပုံစံကတခြားလူသတ်သမားတွေနဲ့မတူဘဲမျက်နှာကိုကြည့်လိုက်ရုံနဲ့ဘယ်သူမှန်းတောင်မသိနိုင်လောက်တဲ့အထိ မျက်နှာပါမရှိတော့အောင်လုပ်ပြီးသတ်ဖြတ်ထားတဲ့အတွက် ဒီအမှုကိုအပူတပြင်းဦးစားပေးပြီး စုံစမ်းနေကြပါတယ်အဲ့လိုစုံစမ်းနေရင်းတန်းလန်းနဲ့ကိုမှလူသတ်သမားက နောက်ထပ်တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်ရင်းနဲ့မှ သေဆုံးသူတွေများလာလေလေ သူတို့ကြားကဆက်နွယ်မှုတွေ ပိုသိသာလာလေလေနဲ့တစ်ဆင့်ချင်းစီဆက်စပ်ရင်းနဲ့မှ လူသတ်သမားရဲ့ရည်ရွယ်ချက်နဲ့ တရားခံဘယ်သူလဲဆိုတာတွေကို ဖော်ထုတ်သွားမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။