Rajabheema HD

Rajabheema

Action Thriller HD 2025-01-31 8.3 119 Min

အခုတစ်ခါ Bollywood ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ငယ်ဘဝအိန္ဒိယကားတွေကို အမှတ်ရသွားစေမယ့် တမီလ်ဆင်လိမ္မာကားလေးပဲ ဖြစ်ပါတယ်။အခုခေတ်ပေါ်ကားဆိုတော့ ခေတ်နဲ့အညီ အက်ရှင်ဒရာမာညီမျှတဲ့ ဆင်လိမ္မာကားလေးလို့ပဲ ပြောရမှာပါပဲ….ရာဂျာဟာ မိခင်ကိုအရမ်းချစ်ပြီးတော့ မိခင်နဲ့အတူ ဆင်ရုပ်လေးတွေနဲ့ဆင်ဇာတ်လမ်းလေးတွေနားထောင်ရင်းကြီးပြင်းလာတဲ့ကလေးတစ်ယောက်ပါ.. ကံဆိုးစွာနဲ့ပဲ သူ့မိခင်ဟာ သူကလေးဘဝမှာပဲ ရုတ်တရက်ဆုံးပါးသွားခဲ့ရပါတယ် …ရာဂျာတစ်ယောက် ကလေးဘဝနဲ့မလိုက်အောင် စိတ်ထိခိုက်မှုခံစားရပြီးတော့တငူငူတငိုင်ငိုင်ဖြစ်နေချိန်မှာသူ့ဘဝထဲကို ဘီမာလို့ခေါ်တဲ့ဆင်လေးတစ်ကောင်ဝင်ရောက်လာပါတယ်ရာဂျာနဲ့ဆင်လေး အတူတူကြီးပြင်းခဲ့ရာကစလို့ အရွယ်ရောက်လာတဲ့အခါမှာ ဘာပြသနာတွေနဲ့ရင်ဆိုင်ရမလဲ…တောရိုင်းတိရစ္ဆာန်တွေရဲ့ ရှားပါးပစ္စည်းတွေဖြစ်တဲ့ ဆင်စွယ် သားရေ အစရှိတာတွေရဲ့ မုဆိုးတွေအန္တရာယ်ကိုဘယ်လိုရင်ဆိုင်သွားကြမလဲ ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်