Nadaaniyan HD

Nadaaniyan

Comedy Drama Romance HD 2025-03-01 3.5 119 Min

နာမည်ကျော် အိန္ဒိယရုပ်ရှင်မင်းသားကြီး ဆေ့ဖ်အလီခန်းရဲ့ သားတော်မောင်ပထမဦးဆုံးပွဲထွက်လာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဆေ့ဖ်အလီခန်းကိုယ်ပွားလေးလို့ ပြောရလောက်အောင် ဆေ့ဖ်အလီခန်းကိုချွတ်ပြီးစွပ်ထားသလားထင်ရတဲ့အီဘရာဟင်မ်အလီခန်း။ပီယာဆိုတဲ့ ကျောင်းသူလေးက အသိုင်းကြီးအဝိုင်းကြီးကပေါက်ဖွားလာတဲ့ ကောင်မလေးတစ်ယောက်ပေါ့။အချစ်ရဆုံးသူငယ်ချင်းနှစ်ယောက်နဲ့အတူဘ၀ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပေမဲ့ချစ်ရတဲ့သူငယ်ချင်းတွေက အထင်လွဲမှုတစ်ခုဖြစ်လာတဲ့အခါပီယာ့ခေါင်းထဲပေါ်လာတာက တကယ်မရှိဘဲ ရည်းစားရှိတယ်ဆိုပြီး ပြောမိလိုက်ပါလေရော။ဒီမှာပဲ သူငယ်ချင်းတွေယုံကြည်မှု ချစ်ခင်မှုပြန်ရဖို့ သူ့စိတ်ကြိုက်ရည်းစားတစ်ယောက်ကိုအသည်းအသန်ရှာရတဲ့အခါ….။ဆိုတော့ ဒီအချစ်ဟာသလူငယ်ရုပ်ရှင်လေးကိုစီအမ်အက်ပ်လေးနဲ့ချေးလ်လိုက်ကြပါဦး။