ဒီဇာတ်ကားမှာတော့ ကမ္ဘာနဲ့ တခြားတစ်ဖက်ကို ချိတ်ဆက်ထားတဲ့ပေါ်တယ် တံခါး 666 ခုရှိပါတယ်။အဲ့ဒါတွေကို လူသားတွေ မသိအောင် တားမြစ်ထားပါတယ်။ဂျပန်နိုင်ငံကပြန်လည်ရှင်သန်ခြင်းတောအုပ်ထဲမှာ 444 ခုမြောက် ပေါ်တယ်တံခါး ရှိနေပါတယ်။ဒါပေမဲ့လည်း အဲ့ဒီ့ တံခါးတွေ ရှိနေတာကို သတိထားမိတဲ့ လူအချို့လည်း ရှိကြပါတယ်။သူတို့တွေက အဲ့ဒီတံခါးတွေကိုဖြတ်ပြီး အမှောင်ထုရဲ့ စွမ်းအားကို ရယူဖို့ ကြိုးစားပါတော့တယ်။အဲ့ဒီ့အထဲမှာ မင်းသားနဲ့ ဗီလိန်တို့လည်း ပါဝင်ပါတယ်။ဘယ်သူက အမှောင်ထုရဲ့ စွမ်းအားကို ရရှိသွားမလည်းဆိုတာ ပြီးတော့ပြန်လည်ရှင်သန်ခြင်းတောအုပ်ဆိုတဲ့ အတိုင်း ဘယ်လိုအရာတွေ စောင့်ကြိုနေကြမလဲဆိုတာ ကြည့်ရှု့ခံစားကြည့်ကြပါခင်ဗျ။