Perewangan HD

Perewangan

Horror Thriller Mystery HD 2024-10-24 4.8 109 Min

မာယာနဲ့ဝူလန်တို့ဟာ ဆယ်ကျော်သက်နဲ့ကလေးသာသာအရွယ် ညီအစ်မနှစ်ယောက်ဖြစ်ပြီး မကျန်းမာတဲ့မိခင်နဲ့အတူတူနေပါတယ်။စိတ်ဝေဒနာသည်အဖေဖြစ်သူဆေးရုံကပြန်ဆင်းလာလို့ဝမ်းသာရမယ့်ဆဲဆဲ ထူးဆန်းထိတ်လန့်ဖွယ်အနေအထားနဲ့ အိမ်ပြန်ရောက်တဲ့ညမှာပဲသေဆုံးသွားတဲ့နောက်မှာတော့ မာယာ့ အနေနဲ့အစ်မကြီးပီပီအန္တရာယ်အသွယ်သွယ်ကိုဦးဆောင်ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီအချိန်မှာ သူ့အမေရဲ့မောင်နှမသုံးယောက် သူ့ဦးလေးအဒေါ်တွေက ဒီအိမ်ကြီးကိုအမွေခွဲဖို့ မျက်စောင်းထိုးနေသလိုအိပ်ယာထဲလဲနေတဲ့ မိခင်ဖြစ်သူကလည်း အခြေအနေတွေထူးခြားပြောင်းလဲလာပါတယ်။သူ့ဦးလေး အကြီးဆုံးဖြစ်သူက သူ့မိခင်အခန်းထဲက မှန်ကြီးကိုတစ်ခုခုနဲ့ဖုံးထား ဒါမှမဟုတ်စွန့်ပစ်လိုက်ဖို့အကြံပေးခဲ့ပြီးသူတို့အတွက် အကူအညီတောင်းပေးဖို့သွားတဲ့လမ်းမှာ သေဆုံးသွားခဲ့တဲ့နောက်မှာတော့မာယာအနေနဲ့ဒီလျှို့ဝှက်ဆန်းကြယ်အဖြစ်တွေ၊ ထိတ်လန့်စရာကိစ္စတွေရဲ့ နောက်ကွယ်ကအဖြေကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။သူတို့အပေါ်သင့်နေတဲ့ ကျိန်စာဟာ ဒီအိမ်ကြီးကလား? မှန်တစ်ချပ်ဆီကလား?ဒါမှမဟုတ်သူတို့မိသားစုဆီကလား? အစရှိတာတွေကိုအင်ဒိုဟော်ရာကားတွေထုံးစံအတိုင်း သဲထိတ်ရင်ဖိုရှုစားကြရမှာဖြစ်ပါတယ်။