ဒီဇာတ်ကားလေးကတော့ GL ကားတစ်ကားဖြစ်ပါတယ်။ဒါပေမဲ့ ပုံမှန်ကြည့်နေကြ ရိုမန်တစ်ဆန်တဲ့ အချစ်ကားတွေမဟုတ်ဘဲ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ခရစ်စတယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်က အလုပ်ကြိုးစားတဲ့ အလုပ်ကြမ်းပိုးမလေးပေါ့။အမြဲတမ်း အလုပ်မှအလုပ်ဖြစ်တဲ့ အလုပ်ကြမ်းပိုးမလေး ခရစ်စတယ်ရဲ့ ဘဝကဇိုဝီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်မှာ အရာအားလုံးပြောင်းလဲသွားခဲ့တယ်။အစပိုင်းမှာ ရိုမန်တစ်ဆန်တဲ့ အချစ်ငှက်ငယ်လေးဘဝကနေ အလုပ်နဲ့ပတ်သက်ပြီးထိခိုက်မှုတွေဖြစ်လာတာကြောင့် ခရစ်စတယ်က ဇိုဝီကို လမ်းခွဲခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ?????