Redeeming Love HD

Redeeming Love

Drama Romance Western HD 2022-01-21 7.831 134 Min

မင်းကိုဘာလို့ ဒီ​လောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူး။ကိုယ်က လယ်သမားတစ်​ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ သက်ဝင်ယုံကြည်သူပါ၊ တစ်​နေ့ကယ်လီဖိုးနီးယား မြို့ထဲအလာကိုယ့်ကိုဘုရားသခင်က အလင်းတစ်ပွင့်ဖန်ဆင်းပြ လိုက်သလို မင်းက ကိုယ့်မျက်စိ​ရှေ့ရောက်လာတယ်၊ သိပ်လှတဲ့မိန်းက​လေးမို့ မြင်မြင်ချင်း ချစ်မိသွားတယ်၊ ​နောက်​ သူများ​တွေ​ပြော​တာ မင်းကကြေးအမြင့်ဆုံး ပြည့်တန်ဆာတဲ့၊ ကိုယ်​​တောင်ဘုရားသခင်ကို စိတ်ကွက်မိသွားတယ်၊ ဒီလိုလမ်းမျိုးမှ ကိုယ့်ကိုလာပြရသလား​ပေါ့။ဒါ​ပေမဲ့ ဘုရားသခင်ကလည်း အင်မတန်​ခေါင်းမာတဲ့ပုံပဲအိန်ဂျယ်​၊ ကိုယ့်မှာစားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ရူးမတတ်ပါပဲ၊ ဒီလိုနဲ့မင်းနဲ့အတူရှိခွင့်ရမယ့် အချိန် မိနစ်၃၀ကို ​ပေါက်​ဈေး၂ဆ​ပေးဝယ်ခဲ့မိတယ်၊ ​ပျော်ပါးမလို့မဟုတ်ရပါဘူး၊ ဒီမိနစ် ၃၀ကို မင်းနဲ့.အတူစကား​​တွေပြောချင်လို့၊ကိုယ့်ခံစားချက်​တွေ ရင်ဖွင့်ချင်လို့၊ မင်းကိုလက်ထပ်ခွင့်​​​တောင်းချင်လို့ပါ။မင်းကိုယ့်ကိုအခါခါငြင်းလည်း ကိုယ့်ဘက်က က​လေးဆိုးကြီးလိုပူဆာ​ခဲ့မိတယ်၊ ဒီလိုနဲ့တစ်​နေ့ မင်းကို​ ငွေနဲ့ဝယ်ရဖို့ ဖြစ်လာတယ်ကိုယ့်ရဲ့ဇနီးမယားဖြစ်လာတယ်၊ မင်းထွက်​ပြေးမယ်​ ပြောခဲ့သလိုအခါခါထွက်​ပြေးခဲ့ပေမဲ့ ဘာ​ကြောင့်လဲမသိပါဘူး မင်းကိုယ်တိုင်ငါ့ဆီပြန်​​​ရောက်​ရောက်လာတယ်၊ မင်းကကိုယ့်ရဲ့အိမ်သူသက်ထားဆို​ပေမယ့်ကိုယ်စိတ်အလိုမလိုက်ခဲ့ပါဘူး၊ မင်းအဆင်သင့်ဖြစ်တဲ့အထိ ကိုယ်​စောင့်​နေပါ့မယ်၊ အချိန်ဘယ်​​လောက်ပဲကြာပါ​စေ​​ပေါ့၊တစ်​နေ့​​တော့ကိုယ်ချစ်ခွင့်ရချင်ပါတယ်၊ နှစ်​ယောက်သားကြည်ဖြူစွာနဲ့​ပေါ့ အိန်ဂျယ်ရယ်။