Ronin HD

Ronin

Action Crime Thriller HD 1998-09-25 6.967 122 Min

Ronin (1998) ဒီဇာတ်ကားကတော့ IMDB 7.3/10 ရရှိထားတဲ့ Action/Crime/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်…Heat, The Score, Casino ကားတွေ ကြည့်ပြီးတဲ့နောက်မှာ Robert De Niro ရဲ့ ပရိတ်သတ် ဖြစ်သွားတယ် …ဒါ့ကြောင့် သူ့ကားဟောင်းတွေထဲက မတင်ရသေးတဲ့ Ronin ကားကိုရှာဖွေတင်ဆက်ပေးလိုက်ပါတယ်…ဒီကားရဲ့ အက်ရှင်ခန်းတွေ … အထူးသဖြင့် ကားမောင်းခန်းတွေ သေနတ်ပစ်ခန်းတွေဟာ အသက်ပါလွန်းပဲလား မသိ …၁၉၉၉ခုနှစ်ရဲ့ Science Fiction, Fantasy & Horror Films, USA မှာ Academy ဆုရရှိခဲ့ပါတယ်…ဇာတ်လမ်းအကျဉ်းကတော့ ဒီယာဒရေဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာသိပ်ပြီးအဖိုးတန်တဲ့သေတ္တာတစ်လုံးကိုလိုချင်လို့ မစ်ရှင်အဖွဲ့တစ်ဖွဲ့ စုဆောင်းပြီးတော့ ရယူဖို့ကြိုးစားတာကို အခြေခံပြီး ရိုက်ကူးထားတာပါ…အဲဒီအဖွဲ့ထဲမှာတော့ မင်းသားကြီး Robert De Niro , Jean Renoနဲ့ Steellan Skarsgard တို့ကို ကျေကျေနပ်နပ် တွေ့ရမှာပါ..မစ်ရှင်အဖွဲ့ဟာ သေတ္တာရယူဖို့ကြိုးစားရင်းကနေ ဘယ်သူတွေက ဘယ်လိုခြေလှမ်းတွေနဲ့ အကွက်ရွှေ့လာမယ်ဆိုတာကိုအပစ်အခတ်အက်ရှင်တွေနဲ့ ကြည့်ရှုကြရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..