A Copenhagen Love Story FHD

A Copenhagen Love Story

Drama Romance FHD 2025-02-25 6.571 105 Min

ဒီတစ်ခေါက်မှာတော့ လက်တွေ့ဘဝနဲ့ တစ်သားတည်းဖြစ်အောင်ရိုက်ကူးတင်ဆက်ပြထားတဲ့ ဒိန်းမက်စ‌ကားပြော ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် မီယာဟာအတော်အသင့်အောင်မြင်နေပြီဖြစ်တဲ့ စာရေးဆရာမတစ်ဦးပါ။မီယာက ခါတိုင်းဆို မနူးမနပ် တက္ကသိုလ်‌ကျောင်းသားအရွယ်မောင်လေးတွေနဲ့ပဲ တွဲခုတ်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ရဲ့ စာအုပ်မိတ်ဆက်ပွဲနေ့မှာသူငယ်ချင်းနဲ့အတူပါလာတဲ့ အီမီးဆိုသူနဲ့ဆုံဖြစ်ပြီး ဒိတ်ကြည့်တဲ့အခါ အဆင်ပြေတဲ့အတွက် တွဲဖြစ်သွားပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့လူတွေနဲ့ပဲတွဲလေ့ရှိတဲ့မီယာက သူနဲ့သက်တူရွယ်တူ ကလေး၂ယောက်အဖေ အီမီးကိုအတည်တကျချစ်မိသွားပြီး အီမီးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာ အီမီးရဲ့ကလေးနှစ်ယောက်ကိုလည်း သူကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးရင်းနဲ့မှကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးတဲ့ရင်သွေးလိုချင်လာတဲ့အတွက် အီမီးနဲ့ အတူ ကလေးယူဖို့ကြိုးစားပါတော့တယ်။တစ်ချို့သောသူတွေအတွက် သားသမီးရဖို့ဆိုတာ လွယ်ကူတယ်ဆိုပေမဲ့လည်းမီယာနဲ့အီမီးတို့အတွက်ကတော့ မလွယ်ကူခဲ့ပါဘူး။ဒီလိုနဲ့သူတို့နှစ်ယောက် ရင်သွေးလေးရဖို့အတွက် ဆေးရုံဆေးခန်းတွေပြ ကုထုံးတွေခံယူရင်းအခက်အခဲမျိုးစုံကိုကျော်ဖြတ်ရပုံကိုရိုက်ကူးတင်ဆက်ပြထားတာပါ။တကယ့်လက်တွေ့ဘဝမှာလည်း သားသမီးရင်သွေးရရှိဖို့အတွက်ခက်ခဲရုန်းကန်နေတဲ့သူတွေရှိမယ်ဆိုရင်ဒီဇာတ်ကားကတကယ်ကိုဆေးတစ်ခွက်ဖြစ်စေမှာပါ။ဒီရုပ်ရှင်ဟာ မီယာနဲ့ အီမီးတို့ကြားက စိတ်ခံစားချက် ရသမျိုးစုံအပြင်မျိုးဆက်ပွားကျန်းမာရေးအကြောင်းကိုပါသေချာလေး ‌ရိုက်ကူးပြထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။