Gossip HD

Gossip

Thriller Mystery HD 2000-04-21 5.796 90 Min

2000 ခုနှစ် ဝန်းကျင် ရုပ်ရှင်တွေက ရသတစ်မျိုးပေးစွမ်းနိုင်လို့ ပရိသတ်တွေအကြိုက်ဖြစ်နေခဲ့တာပါ။ယခု ရုပ်ရှင် Gossip က 2000 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thriller/Mystery ကားကောင်း တစ်ကားဖြစ်ပါတယ်။Casting အနေနဲ့လည်း James Marsden, Kate Hudson, Lena Headey တို့လို စတားတွေ ပါဝင်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ကောလိပ်ကျောင်းသားတစ်စု အပျော်အနေနဲ့အတင်းအဖျင်း ကောလဟာလ တစ်ခုကို ဖန်တီးခဲ့ရာက အပျက်တွေ ဖြစ်ကုန်တဲ့ အကြောင်းပါပဲ။Derrick, Jones နဲ့ Travis တို့ သုံးယောက် က သူငယ်ချင်းတွေပါ။ Derrick က ဆော်ကြည် ချမ်းသာပြီးလူသိများတယ်၊ သူငယ်ချင်း နှစ်ယောက်ကို သူ့အိမ်မှာ အလကား ပေးနေထားတာပါ။တစ်ရက် သုံးယောက်သား ပါတီ တစ်ခု သွားကြရင်း Derrick က ကောင်မလေးတစ်ယောက်နဲ့ ငြိနေတုန်း သူ့မြင်ကွင်းထဲကိုNaomi Preston ဆိုတဲ့ အချောအလှလေး တစ်ယောက် ဝင်လာပါတယ်။Naomi က ချောလို့လှလို့ နာမည်ကြီးသလို ဘယ်ယောကျ်ားလေးနဲ့မှ ပတ်သတ်ဖူးခြင်း မရှိတာလည်း အားလုံး သိကြပါတယ်။Naomiမှာ Beau ဆိုတဲ့ ကောင်လေး ရှိပြီး သူတို့ စုံတွဲ အရက်မူးပြီး အိပ်ခန်းထဲ နမ်းရှုပ်နေတာကို ရေချိုးခန်းထဲက Derrick က လှမ်းတွေ့တာပါ။အဲ့ဒီည အိမ်ပြန်တဲ့လမ်းမှာ Derrick က သူငယ်ချင်း နှစ်ယောက်ကိုNaomi နဲ့ သူ့ရည်းစားနဲ့ အတူနေ နေကြတဲ့ အကြောင်း ကောလဟာလ လုပ်ပြီး သတင်းလွှင့်ဖို့ တိုင်ပင်ခဲ့ပါတယ်။သူတို့ လွှင့်လိုက်တဲ့ ကောလဟာလဟာ နောက်ဆုံး သူတို့ ကိုယ်တိုင် မထိန်းနိုင်တဲ့အခြေအနေဆိုက်ရောက်သွားတဲ့အခါ ဘာဆက်ဖြစ်မလဲ ကြည့်ကြရမှာပါ။