1997 မှာထွက်ရှိခဲ့တဲ့ Brother ဆိုတဲ့ ရုရှားရုပ်ရှင်ကားလေးကတော့ ဒါရိုက်တာ Aleksei Balabanov ရဲ့ လက်ရာဖြစ်ပြီး၊ရုရှားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ Danila ဆိုတဲ့ စစ်ပြန်လူငယ်လေးတစ်ယောက်လူဆိုးဂိုဏ်းတွေကြားထဲ ရောက်သွားရတဲ့အကြောင်း ရိုက်ကူးထားတာပါ။သူ့အမေတိုက်တွန်းလို့ St. Petersburg မြို့မှာရှိတဲ့ သူ့အစ်ကိုဆီကိုသွားရင်း အစ်ကိုဖြစ်သူက လူမိုက်ဖြစ်နေတာကို သိလိုက်ရပြီးကူညီရင်းနဲ့ သူပါ အမှောင်လောကထဲ ရောက်မှန်းမသိရောက်သွားပါတယ်။ဒီကားမှာ သရုပ်ဆောင်တွေကလည်း တော်ကြသလို၊ ရုရှားရော့ခ်သီချင်းတွေကလည်း ဇာတ်ရှိန်ကို မြှင့်ပေးထားပါတယ်။၁၉၉၀ခုနှစ်များက ရုရှားနိုင်ငံရဲ့ အခြေအနေဆိုးတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDB rating ကလည်း မြင့်တဲ့အတွက်တကယ့်ကိုကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုတာ အာမခံနိုင်ပါတယ်။