Green Room HD

Green Room

Crime Horror Thriller HD 2016-04-15 6.721 95 Min

Green Room ကတော့ 2015 တုန်းကဒါရိုက်တာ Jeremy Saulinerကိုယ်တိုင် ရေးသားရိုက်ကူးခဲ့တဲ့Horror, Thriller ရုပ်ရှင်ကားလေးပါဇာတ်လမ်းကတော့ သိပ်ပြီး ကြီးကြီးမားမားတော့ မဟုတ်ပါဘူးလူငယ် Punk Rock Band တစ်ဖွဲ့က လူမနီးသူမနီး တောအုပ်တစ်ခုမှာရှိတဲ့ Club တစ်ခုမှာသွားဖျော်ဖြေရင်းနဲ့ကံဆိုးမ သွားရာမိုးလိုက်လို့ရွာဆိုတဲ့ အတိုင်းစင်အနောက်ဘက်က နားနေခန်း Green Room ထဲမှာလူသတ်မှုတစ်ခုနဲ့ အမှတ်မထင် ပက်ပင်းသွားတိုးသွားပြီး အသက်အန္တာရာယ်ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်ဒီကားဟာ 2015 ရဲ့ အကောင်းဆုံးရုပ်ရှင်တော့ မဟုတ်ပေမယ့် သည်းထိပ်ရင်ဖို ကြိုက်သူတွေ အတွက်တော့ လုံးဝ ပျင်းရမှာ မဟုတ်ပါဘူးသွေးထွက်သံယိုတွေလည်း အတော်ပါပါတယ်တချို့အခန်းတွေဆိုရင် အဲ့လိုမျိုးသွေးထွက်သံယိုကြိုက်တတ်တဲ့ သူတွေအတွက်တောင် အသည်းယားဖို့ကောင်းတာတွေ ပါတယ်တော်တော် ယုတ္တိရှိအောင်လည်းရိုက်ပြထားပါတယ်Punk music တွေ Metal တွေ ကြိုက်တဲ့ သူတွေအတွက်တော့ကောင်းပါတယ်ဒီကားရဲ့ Poster ကိုတောင် The Clash အဖွဲ့ရဲ့ London Calling Album cover နဲ့တူအောင်လုပ်ထားပါသေးတယ်ဒီကားရဲ့ အဓိက ဘာလဲဆိုတော့ Tension ပါပဲဇာတ်လမ်းအစကနေပြီးတစတစ Tension မြင့်လာတာကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်ဒီ Green Room ဟာဆိုရင် တက်သစ်စသရုပ်ဆောင်တွေနဲ့ငွေအကုန်အကျသိပ်မသုံးဘဲရိုက်ထားတဲ့သည်းထိတ်ရင်ဖိုရုပ်ရှင်ကားတစ်ကားပါချုံပြောရရင်တော့ ဒီကားက မိုးအေးအေးလေးနဲ့ အပြင်လည်းသွားစရာမရှိရင်အိမ်ထဲမှာ စောင်လေးချုံပြီး ကြည့်သင့်တဲ့ Thriller ကားကောင်းလေးတစ်ခုပါပဲ