Immaculate City HD

Immaculate City

Crime Mystery HD 2025-02-15 8.3 100 Min

တရုတ်အစိုးရက နိုင်ငံတိုးချဲ့ရေး စီမံကိန်းအနေနဲ့ အိမ်ရာတွေကို ဈေးကြီးပေးဝယ်တာတွေတခြားနေရာမှာ အစားထိုး ပြန်ပေးတာမျိုး လုပ်ပေးတတ်ပြီး အိမ်ရှင်တွေကချမ်းသာသွားကြတာမျိုး ဖြစ်လေ့ရှိပါတယ်။ အခုရုပ်ရှင်ကလည်းအဲလိုချမ်းသာသွားတဲ့ သူဌေးသား ယန်ယိုချိုင်ကို အဓိကထားပြီးဇာတ်လမ်းတည်ထားတဲ့ ဒုစရိုက်ဟာသ ရုပ်ရှင်ဖြစ်ပါတယ်။သူဌေးသား ယန်ယိုချိုင်ဟာ ပြိုင်ကားတစ်စီးဝယ်ချင်နေတဲ့အချိန်လောင်းကစားသမား ဟူချုံးနဲ့ ကားအငှားကုမ္ပဏီက လော်ကျင်းလုံတို့နဲ့ တွေ့ခဲ့ပြီးရယ်ရမလို ငိုရမလို အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ လူတစ်ဖွဲ့ကယန်မိသားစုရဲ့ ပိုင်ဆိုင်မှုကို လိမ်ချင်ခဲ့ပြီး သူတို့ အဆင့်ဆင့်တွက်ချက်သမျှကနောက်ဆုံးမှာ အလဟဿဖြစ်ခဲ့ရပါတယ်။စိတ်ထဲမှာ မကောင်းမှုတွေးနေရင် ဘေးဒုက္ခကြုံရပြီး စိတ်ထဲမှာအလင်းရောင်ရှိသူကတော့ အရာအားလုံးဖြောင့်ဖြူးမယ် ဆိုတဲ့သဘောတရားကို ရုပ်ရှင်လှည့်ကွက်တွေနဲ့ သရုပ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။