Non-stop Action ဇာတ်ကားတစ်ကားဖြစ်တဲ့The A-Team ကို ဒါရိုက်တာ Joe Carnahanရိုက်ကူးခဲ့ပြီး IMDb 6.8 ရရှိထားပါတယ်*ဆေးပြင်းလိပ်ခဲပြီး အစီအစဉ်ဆွဲရတာဝါသနာပါတဲ့ကာနယ်ဟန်နီဘယ်စမစ်အဖြစ် Liam Neeson*မျက်နှာများတဲ့ စော်ကြည်ဘဲ Face အဖြစ် Bradley Cooper*ခွန်အားဗလကြီးသလောက် အသည်းငယ်တဲ့ဘီအေဘရာကပ်စ် အဖြစ် Quinton*a*ဂေါက်ကြောင်စကားလုံးတွေကြောင့်ရယ်မောကြရမယ့် မားဒေါ့အဖြစ် Sharlto Copley*တို့က ဦးဆောင်ပါဝင်ထားပါတယ်ကာနယ်ဟန်နီဘယ်စမစ်ဦးဆောင်သောလူလေးဦးဖြင့်ဖွဲ့စည်းထားသည့် အယ်လ်ဖာတပ်ဖွဲ့ဝင်များဟာ စွန့်စားစစ်ဆင်ရေးတွေ ထမ်းဆောင်ရာမှာပျော်မွေ့ကြသူများဖြစ်ကြပါတယ်ဒေါ်လာရိုက်နှိပ်ရာတွင် အသုံးပြုသောပျောက်ဆုံးပုံနှိပ်တံဆိပ်ပြားများ ဘက္ကဒက်တွင်ရောက်ရှိနေသည်ဟုသတင်းရပြီးကာနယ်စမစ်နှင့်အဖွဲ့က ပြန်လည်လုယူခဲ့ကြပါတယ်ထိုတံဆိပ်ပြားများကို ခိုးယူရောင်းချလိုသူများထဲတွင်ထိပ်ပိုင်းအရာရှိများလည်းပါဝင်ခဲ့ရာ…….စကားချပ်။ ။ ကျည်ဆံများဇာတ်ကားထဲမှထွက်လာပြီးထိမှန်နိုင်သောကြောင့် ကျည်ကာဝတ်၍ကြည့်ကြပါကုန်။