တစ်နေ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ သူလျှိုအဖွဲ့အစည်းပေါင်းများစွာကနေ အလိုရှိနေတဲ့ “The Ghost” /သရဲ လို့လူသိများတဲ့လူတစ်ယောက်ဟာ အမေရိကန်သူထောက်လှမ်းရေးတွေကိုသမပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒါကိုအေဂျင်စီကနေ လိုက်ပေမယ့် သရဲဟာ နည်းပညာပိုင်းထူးချွန်တဲ့ဟက်ကာတစ်ယောက်ဖြစ်နေတဲ့အတွက် ဒစ်ဂျစ်တယ်နည်းပညာနဲ့လုံးဝလိုက်ဖမ်းလို့မရပါဘူး။ဒီလိုနဲ့ကွင်းဆင်းနေတဲ့လူတွေကို လွှတ်ဖို့ကလည်း သရဲကိုတွေ့တဲ့နေရာက ဘန်ကောက်ဖြစ်နေတော့ အေဂျင်စီဘက်ကနေ လက်လှမ်းမမှီပါဘူး ။အမေရိကရဲ့ စင်္ကာပူကထောက်လှမ်းအခွဲကိုလည်းလွှတ်ဖို့ကြံတဲ့အချိန်မှာ လူမအားတာနဲ့ သရဲက အေဂျင်စီလက်ကနေလွတ်သွားဖို့ အကြောင်းဖန်လာပါတယ်။တစ်ချိန်မှာ လူးကတ်စ်ရေးယက်လို့ခေါ်တဲ့ သက်လတ်ပိုင်ယောက်ျားတစ်ယောက်ဟာအမေရိကအရာပိုင်တွေလက်နေ ထွက်ပြေးတိမ်ရှောင်နေရတဲ့သူတစ်ယောက်ပါ။သူ့ရဲ့ အတိတ်ဆိုးတွကြောင့် ၂ နှစ်တိုင်တိုင်ထွက်ပြေးတိမ်ရှောင်နေတဲ့သူကိုအေဂျင်စီရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဘရန့်ဆိုတဲ့သူကဖုန်းဆက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဘရန့်နဲ့ရေးယက်တို့ကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်နေခဲ့တာလဲ၊ရေးယက်ရဲ့ တကယ့်သရုပ်မှန်ကကော ဘယ်လိုဖြစ်နေမလဲ၊ဒါ့အပြင်ကမ္ဘာတစ်ခွင်လိုက်ပြီးအဖျက်အမှောက်လုပ်နေတဲ့သရဲကရော အမှန်တကယ်ကျဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်အပြည့်နဲ့ စိတ်ဝင်တစားရှုစားရမှာပဲဖြစ်ပါတယ်။